(2.7)

8.1K 806 5
                                    

Unicode

ရှောင်ကျန့်ဟာဇာတ်လိုက်လေးအားသနားသွားသည်။သူကသူ့ရဲ့ပန်းရောင်ခပ်ဖျော့ဖျော့မျက်ဝန်းလေးဖြင့်ဝင့်ကြည့်ကာသူ့လက်သေးသေးလေးအားရှေ့သို့ဆန့်ထုတ်လိုက်သည်။ဤသည်ကဇာတ်လိုက်အရှေ့တွင်ဒုတိယအကြိမ်မြောက်သူ့လက်လေးကိုဆန့်ထုတ်လိုက်ခြင်းဖြစ်သည်။

ပထမအကြိမ်တွင်လဲကျနေသည့်ဇာတ်လိုက်လေးအားဆွဲထူရန်သာဖြစ်ပေမယ့်ယခုအကြိမ်တွင်သူ့ကိုယ်သူမိတ်ဆက်ရန်အတွက်ဖြစ်သည်။

"နိဟောင်.....ငါ့နာမည်ကကျန့်ရင်
လို့ခေါ်တယ်.....မင်းရဲ့နာမည်ကိုရော
သိခွင့်ရှိမလား"

ဟွမ်ချင်ရဲ့သည်ရှောင်ကျန့်၏သေးငယ်နူးညံ့သည့်လက်လေးကိုတစ်ချက်ကြည့်ရင်းရှောင်ကျန့်၏ဟန်ဆောင်မှုကင်းတဲ့မျက်နှာလေးကိုကြည့်လိုက်သည်။သူ့ရဲ့နှုတ်ခမ်းထောင့်စွန်းလေးတွေမှာဖြူစင်စွာကော့တတ်သွားရင်းသူ့ရဲ့လက်လေးဖြင့်ရှောင်ကျန့်၏လက်အားဆုပ်ကိုင်လိုက်သည်။

"ဟွမ်ချင်ရဲ့.....ငါ့ကိုချင်ရဲ့လို့လည်း
ခေါ်နိုင်တယ်"

ရှောင်ကျန့်သက်ပြင်းအသာချလိုက်သည်။ဇာတ်လိုက်ကယခုလိုအခြေအနေမှာတောင်တစ်ခြားကလေးများနှင့်ကဲွဲပြားစွာငြိမ်သက်လွန်းနေသည်။

ဤကဲ့သို့ဖြင့်ရှောင်ကျန့်လူကုန်ကူးသမားတွေဆီမှဖမ်းဆီးခံရသည်မှာနှစ်ရက်မျှကြာမြင့်သွားခဲ့သည်။ထိုစဥ်အတောအတွင်းကလေးသုံးယောက်ခန့်မျှထပ်မံရောက်ရှိလာခဲ့သည်။

ကံကောင်းစွာဖြင့်လူကုန်ကူးသမားတွေဟာကလေးအုပ်စုအားအငတ်တော့မထားချေ။ထိုအချိန်တွေဆိုဟွမ်ချင်ရဲ့လေးသည်ရှောင်ကျန့်အားသူ့ပန်းကန်ထဲရှိဟင်းတွေတောင်ထည့်ပေးသေး၏။

ထိုနေ့တွင်ရှောင်ကျန့်တို့ကလေးအုပ်စုမှာကိုယ့်နေရာကိုယ်နေ၍တိတ်ဆိတ်စွာစားသောက်နေကြသည်။ရုတ်တရတ်အခန်းတံခါးမှာဝုန်းကနဲပွင့်ဟသွားသောကြောင့်ကလေးတိုင်း၏ခန္ဓာကိုယ်လေးတွေမှာဆတ်ကနဲတုန်ရင်သွားကြပြီးလက်ထဲရှိပန်းကန်တွေအားလွှတ်ချ၍နံရံထောင့်လေးတွေသို့ကြောက်လန့်စွာကပ်သွားကြသည်။

system 091 Where stories live. Discover now