(7.4)

6K 639 98
                                    

Unicode

ဝမ်ရိပေါ်ဟာအချိန်အတော်ကြာကြက်သေသေ နေပြီးသူ့အပေါ်အုပ်မိုးထားသောအမျိုးသားလေးကိုကြည့်နေမိသည်။သူသတိပြန်ဝင်လာစဥ်၌ ပထမဆုံးတုံ့ပြန်မှုမှာသူ့လက်ဖဝါးကိုမြှောက်၍ရှောင်ကျန့်၏ပါးပြင်နုနုထက်သို့ထိကိုင်လိုက်ခြင်းသာဖြစ်သည်။

ပြီးတော့လေးလေးနက်နက်မျက်မှောင်တင်းတင်းတစ်ချက်ကြုပ်လိုက်ရင်းသူ့နှုတ်ခမ်းပါးကိုဖွင့်ဟ၍မေးလိုက်သည်။

"ယောက်ျားလေးနှစ်ယောက်က.......လုပ်လို့ရနိုင်လား...."

ရှောင်ကျန့် : "....."

ဒီတစ်ခေါက်ဆွံ့အ သွားသူမှာရှောင်ကျန့်ကိုယ်တိုင်ဖြစ်သည်။အကယ်၍ရိပေါ်နေရာမှာတစ်ခြားလူသာဆိုရင်ပထမဆုံးတုံ့ပြန်မှုကအသေအလဲပြင်းထန်ပေလိမ့်မည်။သူ့ကိုမကောင်းဆိုးဝါးဟုတောင်သတ်မှတ်လိုက်နိုင်သည်။ဒါမှမဟုတ်ရင်လည်းမိန်းကလေးတစ်ယောက်ပုံစံအဖြစ်ဘယ်လိုပြောင်းလဲလိုက်လည်းဆိုတာသိချင်စိတ်ပြင်းပြလာနိုင်သည်။

သို့သော်လည်းဝမ်ရိပေါ်စိတ်ထဲပထမဆုံးပေါ်လာတဲ့မေးခွန်းက ယောက်ျားလေးနှစ်ယောက် အာဝါဟ၊ဝိဝါဟ မည်သို့ပြုလုပ်ရမည်ကိုသာဖြစ်သည်။

မှန်၏။ဝမ်ဧကရာဇ်ဟာ မင်္ဂလာမဦးခင်အချိန်တုန်းက ယောက်ျားလေးနှင့်မိန်းကလေး မည်သို့ချစ်တင်းနှောရမည်ကိုစာအုပ်ပေါင်းများစွာဖတ်ရှု့လေ့လာထားခဲ့သည်။အမှန်တော့ရုပ်ပြတွေတောင်ပါသေးသည်။

အခုသူ့ဧကရီလေးက မိန်းကလေးစစ်စစ်မဟုတ်ပဲယောက်ျားလေးတစ်ယောက်ဖြစ်လာတော့ ယောက်ျားလေးနှစ်ယောက်၏သံဝါသ ကိစ္စအရပ်ရပ်ကိုဘာဆိုဘာမှမသိသည့်ဝမ်ဧကရာဇ်၊ဝမ်ရိပေါ်ဟာ ချစ်တင်းနှော၍ ရ၊မရ အရင်ဆုံးသိချင်စိတ်ဖြစ်လာမိချေသည်။

အဲ့လိုမှန်းသိ ယောက်ျားလေးနှစ်ယောက်ဘယ်လို pa pa pa ရလည်းဆိုတာကြိုတင်လေ့လာထားပါတယ်။

ဝမ်ရိပေါ်ဟာလေးလေးနက်နက်စဥ်းစားတွေးတော နေရင်းကနေ သူဘာမေးမိလိုက်လဲဆိုတာချက်ချင်းသတိဝင်သွားသည်။ယခုချိန်ထိဆွံ့အ နေဆဲဖြစ်သည့် ရှောင်ကျန့်ရဲ့မျက်နှာလှလှလေးကိုမြင်သည့်အခါတွင် ဝမ်ဧကရာဇ်၏မျက်နှာတစ်ခုလုံးမှာပေါက်ကွဲမတတ်နီရဲတတ်လာ၏။

system 091 Donde viven las historias. Descúbrelo ahora