(6.4)

4.6K 593 62
                                    

Unicode

"သခင်လေးဟေးလစ်ခ်လို့ပြောလိုက်တာလား....."

အပြာရင့်ရောင့်ဆံပင်နှင့်ကလေးငယ်'အေ'ကမျက်လုံးလေးတွေပြူးကျယ်သွားလျက်မေးသည်။ကြည့်ရတာvampireခေါင်းဆောင်၏တစ်ဦးတည်းသောသားဖြစ်သူရဲ့နာမည်ကိုကြားဖူးကြဟန်ရသည်။

ရှောင်ကျန့်ကပြုံးသည်။

"အင်းလေ..."

ငါးနှစ်အရွယ်vampireလေးသုံးယောက်ကအံ့အားသင့်စွာပင့်သက်ရှိုက်လိုက်ကြသည်။သူတို့အနေနဲ့လျှောက်ပတ်ဆော့နေရင်းvampireခေါင်းဆောင်၏သားဖြစ်သူကိုတွေ့ဆုံခွင့်ရကြမည်ဟုမထင်မှတ်ထားခဲ့ကြပေ။

ယခုမနက်ပိုင်းမှာအတော်လေးစိတ်ကျေနပ်ဖွယ်ကောင်းခဲ့သည်။သွေးသန့်vampireငယ်သုံးယောက်နှင့်ရင်းနှီးခင်မင်ခွင့်ရခဲ့သည့်အပြင်ဟေးလစ်ခ်လေးအတွက်သူငယ်ချင်းအသစ်သုံးယောက်ကိုရှာဖွေပေးနိုင်ခဲ့သည်။

ရှောင်ကျန့်ကကလေးတွေကိုကစားနည်းတစ်ချို့ကိုသင်ကြားပေးသည်။သူတို့ကသွေးသန့်vampireငယ်လေးတွေဖြစ်တာနဲ့အညီလူသားကလေးတွေရဲ့ကစားနည်းထူးထူးဆန်းဆန်းတွေကိုတစ်ခါမှမမြင်ဘူးမတွေ့ဘူးကြချေ။မိဘတွေကိုယ်တိုင်ကလူသားတွေဆိုရင်အထင်သေးနှိမ့်ချကြတာကြောင့်အစားအစာနဲ့ပတ်သပ်ရင်တောင်ချို့တဲ့ကြသည်။

ရှောင်ကျန့်တောင်စဥ်းစားမိသွားသေးသည်။ဒီကမ္ဘာမှာရှိတဲ့vampireသွေးသန့်တိုင်းကဘာကြောင့်များလူသားဆိုရင်အထင်သေးရွံရှာကြမှန်းသူမသိပေ။ဒါပေမယ့်မူလလုမင်ယွင်ရဲ့vampireဖေဖေကတော့လူသားမိန်းကလေးတစ်ယောက်ကိုစိတ်ဆန္ဒအရလက်ထပ်ယူပေါင်းသင်းခဲ့သည်။ကြည့်ရတာဇီဇာကြောင်တဲ့vampireမှာတစ်ချို့တစ်ဝက်သာရှိဟန်ရ၏။

vampireငယ်လေးတွေကမှော်ပညာကိုအတော်လေးသဘောကျကြသည်။သူလှည့်ကွက်တစ်ချို့ပြလိုက်ရုံဖြင့်လေးယောက်လုံးကလက်ခုပ်အားရပါးရတီးခပ်အားပေးကြသည်။

ရှောင်ကျန့်ကသူတို့ကိုငါးဖမ်းနည်းသင်ပေးသည်။vampireငယ်လေးတွေ၏အင်အားမှာသာမန်လူကြီးတစ်ယောက်စာနှင့်အသာလေးနှိုင်းယှဥ်နိုင်တာကြောင့်ရေကန်ထဲဟပ်ထိုးလဲကျသွားမည်ကိုတော့မစိုးရိမ်ရတာကကံကောင်းသည်။အကယ်၍ငါးကြီးကြီးတစ်ကောင်သာရခဲ့ရင်ရှောင်ကျန့်ကသူ့ရဲ့ကောင်းမွန်လှတဲ့ဟင်းချက်စကေးဖြင့်ငါးကင်ပေးလိမ့်မည်။

system 091 Where stories live. Discover now