Arc(3)

11.5K 875 25
                                    

Unicode

[system speacကပြန်လည်ကြိုဆိုပါတယ်host]

systemအုန်းသီးသည်ပျော်ရွှင်စွာဖြင့်ပင်ရှောင်ကျန့်၏ခန္ဓာကိုယ်ပတ်လည်၌ခုန်ပေါက်နေခဲ့၏။

[အမည် - ရှောင်ကျန့်

အသက် - ၂၂နှစ်

လိင် - ယောက်ျား

ပြီးမြောက်သည့်mission - 20%

ပြီးမြောက်သည့်ကမ္ဘာ - 2

points - 3500

တတ်မြောက်သည့်ပညာရပ် - စာရေးခြင်း၊အတိုက်အခိုက်၊အချက်အပြုတ်၊သရုပ်ဆောင်ခြင်း]

ရှောင်ကျန့်ကသူ့အရှေ့မှာပေါ်လာတဲ့ဇယားကွက်ကိုကြည့်ရင်းတစ်ချက်ပြုံးလိုက်ကာအုန်းသီးကိုစိုက်ကြည့်လိုက်သည်။အဖြူရောင်အလုံးလေးမှာရှောင်ကျန့်အကြည့်ကြောင့်မွှေးတွေအကုန်ထောင်ကုန်သလိုခံစားလိုက်ရသည်။

[host....တစ်ခုခုများပြောစရာရှိလို့လားဟင်....]

"အင်း....ငါစဥ်းစားနေတာ"

[ဘာကိုလဲ]

"မင်းငါ့ကိုပြောခဲ့ဖူးတဲ့ရုပ်ပိုင်းဆိုင်ရာမြှင့်တင်ခြင်းဆိုတာလေ.....ဒုတိယမြောက်ကမ္ဘာမှာမင်းမေ့သွားတာတော့မဟုတ်ပါဘူးနော်"

အုန်းသီးချွေးပြန်လာသည်။

သူကသူ့hostမေ့သွားပြီထင်နေတာ....

[ဟ....ဟ....ကျ..ကျွန်တော်မမေ့ပါဘူးhostရဲ့...ဒီအတိုင်းhostက,ကလေးတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲရောက်သွားတာကြောင့်ခန္ဓာကိုယ်ကသန့်စင်နေပြီးသားလေ....ဒါ..ဒါကြောင့်ရုပ်ပိုင်းဆိုင်ရာမြှင့်တင်ခြင်းကိုအသုံးပြုဖို့မလိုဘူးထင်လို့ပါ]

ရှောင်ကျန့်ကစိုက်ကြည့်သည်။အုန်းသီးမှာတုတ်တုတ်တောင်မလှုပ်ရဲတော့ပေ။

သူ့hostကဘာထဖောက်ပြန်တာလဲမသိဘူး....ဝူး....ဝူး...

ရှောင်ကျန့်ရဲ့ရုပ်တည်ကြီးကချက်ချင်းပြုံးသွားသည်။

"ငါကစ,တာပါ....အဲ့ဒီလောက်ထိလန့်နေဖို့မလိုပါဘူး...."

ရှောင်ကျန့်ကလက်လေးတစ်ရမ်းရမ်းဖြင့်အုန်းသီးကိုပြောသည်။အုန်းသီးကစိတ်သက်သာရာရစွာဖြင့်သက်ပြင်းလေးအသာချလိုက်မိသည်။

system 091 Where stories live. Discover now