(3.7)

7.3K 801 46
                                    

Unicode

ရှောင်ကျန့်ဟာသူ့အရှေ့မှာတင်မေ့လဲသွားသည့်လူကိုကြည့်ရင်းဒီအတိုင်းပဲပြစ်ထားလိုက်ရင်ကောင်းမလားလို့စဥ်းစားမိလိုက်သည်။

[host!!!!!hostတကယ်ကြီးပြစ်ထားတော့မလို့လား]

ရုတ်တရတ်ထွက်ပေါ်လာသည့်အုန်းသီးရဲ့အသံကြောင့်ရှောင်ကျန့်၏အပြာရောင်မျက်ဝန်းတစ်စုံမှာလက်ကနဲဖြစ်သွားသည်။

ပေါ်လာရဲသေးတယ်ပေါ့.......

'အုန်းသီးမင်း......."

[hostခဏလောက်....]

'ဟမ်'

[hostကျွန်တော့်ကိုအပြစ်တင်တော့မယ်ဆိုတာအုန်းသီးသိပါတယ်....ဒါပေမယ့်hostစဥ်းစားဖူးလား.....]

'ငါကဘာကိုစဥ်းစားရမှာလဲ'

[hostအုန်းသီးဆီကအသွင်ပြောင်းဟန်းချိန်းဝယ်တုန်းကhostအနေနဲ့ယောက်ျားလေးနဲ့မိန်းကလေး၊ဘယ်ပုံစံပြောင်းလို့ရတာလဲဆိုတာမေးခဲ့သေးလို့လား]

'ဟင့်အင်း....'

[ဒီ့အတွက်ကျွန်တော့်အပြစ်မဟုတ်တော့ဘူး.....hostကမမေးခဲ့လို့ကျွန်တော်ကမဖြေတာ....]

'ဒါဆိုဘာလို့ချက်ချင်းပျောက်သွားတာလည်း
မင်းအပြစ်မဟုတ်ရင်ပျောက်သွားစရာမရှိဘူးလေ....ဟုတ်တယ်မလား....'

အုန်းသီး : [.....]

ငါဒီလိုပြောနိုင်ဖို့စီနီယာတွေဆီမှာဘယ်လောက်တောင်သင်ယူခဲ့ရလဲ........နောက်ဆုံးတော့လဲhostနဲ့စကားပြောရင်ဆွံ့အနေရတုန်းပါလား.....ဝူး...ဝူး......

systemအုန်းသီးရဲ့ကြေကွဲဆို့နင့်မှုကိုခံစားမိသည့်ရှောင်ကျန့်ကကျေနပ်စွာပြုံးလိုက်ရင်းသူ့အရှေ့ကလူနှစ်ယောက်ကိုအာရုံပြန်စိုက်လိုက်သည်။အုန်းသီးရဲ့တစ်ဖက်လူနှစ်ယောက်ကိုကယ်တင်စေချင်ပုံအရဆိုရင်သာမန်တော့မဟုတ်လောက်ပေ။

ရှောင်ကျန့်ကဒီလူနှစ်ယောက်ရဲ့နားရွက်တွေမှာရှည်ထွက်နေကြောင်းသတိထားမိသွားသည်။

နတ်သူငယ်တွေ......

မူလဇာတ်ကြောင်းအရဆိုရင်ဇာတ်လိုက်တွေထဲကတစ်ယောက်မှာနတ်သူငယ်မင်းသားဖြစ်သည်။နတ်သူငယ်တွေဟာ'လက်စ်ဇိုင်းယား'မျိုးနွယ်ပြီးလျှင်အလှပဆုံးမျိုးနွယ်အဖြစ်ထင်ရှားသည်။

system 091 Where stories live. Discover now