(1.14)

7.6K 794 4
                                    

Unicode

ရှောင်ကျန့်ဟာ ရင်းနှီးနေသလို အနည်းငယ်စိမ်းသက်နေသည့်အိမ်ကြီးကိုကြောင်ကြည့်ရင်းသူ့ခန္ဓာကိုယ်မှာတောင့်တင်းနေခဲ့သည်။

[host...]

ရှောင်ကျန့်ပြန်မဖြေချေ။သူ့အမူအရာမှာပုံသေအတိုင်းရှိနေပြီးအမြဲတမ်းတတ်ကြွပျော်ရွှင်နေတတ်သည့်မျက်လုံးတစ်စုံမှာမည်သည်ကိုစဥ်းစားနေမှန်းခန့်မှန်းမရပေ။

အုန်းသီးစိုးရိမ်သွားသည်။သူ့host၏ယခုလိုအမူအရာကိုသူတစ်ခါမှမမြင်ဖူးပေ။

[hostက အခုအဆိပ်ကြောင့်ဖြစ်ပေါ်လာတဲ့ပုံရိပ်ယောင်ထဲရောက်နေတာ.....ကျွန်တော်ပြန်ထုတ်ပေးလို့ရပေမယ့်အဆိပ်ရဲ့သက်ရောက်မှုအနေနဲ့ ပထမဆုံးပုံရိပ်ယောင်ကိုကြည့်ရှု့ပြီးမှထွက်ခွာလို့ရလိမ့်မယ်]

ရှောင်ကျန့်ကတိတ်ဆိတ်နေသည်။

[အမှန်တော့အဆိပ်က hostဘဝရဲ့အကြောက်ရွံ့ခဲ့ဆုံးသောအရာတွေကို ထပ်ခါထပ်ခါပြပြီးရူးသွပ်အောင်လုပ်နိုင်တဲ့အကျိုးအာနိသင်ရှိနေခဲ့တာ]

အုန်းသီးဟာသူ့hostဆီကစကားလေးတစ်ခွန်းလောက်ပြန်ရမလားဆိုတဲ့မျှော်လင့်ချက်လေးနဲ့စိုက်ကြည့်လိုက်မိသည်။

[တောင်းပန်ပါတယ်]

systemအုန်းသီးကဝမ်းနည်းစွာတောင်းပန်သည်။ဒါပေမယ့်ရှောင်ကျန့်ရဲ့မျက်လုံးတစ်စုံဟာကြီးကျယ်ခမ်းနားသည့်အိမ်ကြီးကိုသာ မည်သူမှနားမလည်နိုင်သည့်မျက်ဝန်းများဖြင့်လိုက်ကြည့်နေခဲ့သည်။

"လာခဲ့စမ်း!!...မျိုးမစစ်လေး....နင့်ကြောင့်သာမဟုတ်ရင်သူတို့တွေ ငါ့ကိုလှောင်ရယ်ကြမှာမဟုတ်ဘူး....နင်က နင့်အမေလို စောက်ရမ်းအောက်တန်းကျတဲ့ကောင်....မွေးကတည်းက အသေလေးမွေးလာရမှာ"

ဆူညံသည့်လှုပ်ရှားမှုတွေနဲ့အတူမိန်းမကြီးတစ်ယောက်၏အသံဟာအိမ်ကြီးထဲတွင်ဟိန်းကနဲထွက်ပေါ်လာခဲ့သည်။ရှောင်ကျန့်၏မျက်လုံးတစ်စုံမှာတံခါးဝသို့ကျရောက်သွား၏။ခေတ်ဆန်ဆန်ဝတ်ဆင်ထားသည့်အမျိုးသမီးတစ်ဦးဟာပိန်ပါးသေးသွယ်သည့်ကောင်လေးတစ်ယောက်ကိုဆံပင်မှဆွဲကိုင်၍အိမ်ကြီးအတွင်းသို့ဝင်ရောက်လာသည်။

system 091 Where stories live. Discover now