(7.11)

5.3K 626 21
                                    

Unicode

"ညီလာခံမှာ သိပ်ပြီးမစိုးရိမ်ပါနဲ့....ကိုယ့်ကို အပြည့်အဝမှီခိုထားလို့ရပါတယ်"

"ကျွန်တော် စိုးရိမ်နေတယ်လို့ ခင်ဗျားက ဘာကြောင့်ထင်တာလဲ"

ရိပေါ်က ရှောင်ကျန့်ရဲ့ဆံနွယ်တွေကိုဖီးသင်ပေးနေရင်းကနေ ခပ်ဟဟပြုံးရယ်လိုက်သည်။

"မဟုတ်ပါဘူး....ဒီအတိုင်း..."

"ဒီအတိုင်းဘာဖြစ်လဲ"

"ကိုယ့်ဇနီးလေးကို အားပေးနေတာလေ"

ရှောင်ကျန့်ကသဘောတကျရယ်သည်။

"ကျွန်တော် မစိုးရိမ်ပါဘူး.....ကျွန်တော်လိုချင်တာက ကျွန်တော်ဘာလုပ်လုပ် ခင်ဗျားက နောက်ကနေ အပြည့်အဝထောက်ခံပေးဖို့ပဲ"

"မင်းဘာလုပ်လုပ် ကိုယ်က နောက်ကွယ်က တံတိုင်းကြီးလို့သာ သဘောထားလိုက်.....မင်းမှားရင် ကိုယ်လိုက်မှားပေးမယ်၊ မင်းမှန်တယ်ပြောရင် ကိုယ်ကလည်း မှန်တယ် ဆိုတာကိုပဲသိထားလိုက်"

ရိပေါ်က ပြောရင်းဆိုရင်းဖြင့် ရှောင်ကျန့်ရဲ့ဆံနွယ်တွေကို အသေအချာထုံးဖွဲ့လို့ပြီးသွားသည်။

ဒီနေ့က ရှောင်ကျန့်အတွက် ပထမဦးဆုံးအကြိမ် ညီလာခံတတ်ရမှာဖြစ်သည်။ ညီလာခံက အမတ်အိုကြီးတွေ၏ စမ်းသပ်မှုတစ်ချို့ကို ရှောင်ကျန့်ကကြိုတင် ခန့်မှန်းထားပြီးသား ပင်ဖြစ်သည်။ ဒါပေမယ့် မည်သူမှ သူ့ကိုခက်ခဲအောင်လုပ်ရဲကြမည်မဟုတ်တာတော့သေချာ၏။ အဓိက အကြောင်းအရင်းမှာ သူ့ယောက်ျားကြောင့်ပင်။

"ဧကရာဇ်နဲ့ ဧကရီ သက်တော် ထောင်ကျော်ရှည်ပါစေ..."

ဝမ်ရိပေါ်က ခေါင်းငြှိမ့်အသိအမှတ်ပြုလိုက်ရင်း ရှောင်ကျန့်အခက်တွေ့မည်ကို စိုးရိမ်တာကြောင့် အရိပ်တကြည့်ကြည့် ဖြင့် စောင့်ကြည့်နေမိသည်။

အမတ်တစ်ဦးက အရင်ဦးစွာအရှေ့သို့တတ်၍ ရိုရိုသေသေ ဖြင့်နိုင်ငံရေးနှင့်ပတ်သတ်သောအကြောင်းအရာတွေကို စတင် တင်လျှောက်သည်။

"အရှင်မင်းကြီး....အရှေ့တောင်ဘက်မှာရှိတဲ့ ကုန်သွယ်ရေးအချက်အခြာကျတဲ့လမ်းမှာ ဓားပြ အဖွဲ့တွေသောင်းကျန်းနေတယ်လို့သိရပါတယ်....လမ်းကိုဖြတ်သွားတဲ့ကုန်သည်အဖွဲ့တိုင်း ကုန်ပစ္စည်းတစ်ဝက်လောက် ဓားပြအတိုက်ခံခဲ့ရပါတယ်လို့ လာရောက်တိုင်ကြားထားပါတယ်"

system 091 Where stories live. Discover now