(7.16)

4.9K 592 50
                                    

Unicode

"ရှောင်ကျန့်....ကျန့်ကျန့်....အရမ်းနေရခက်နေလားဟင်"

ဝမ်ရိပေါ်ရဲ့ မျက်နှာမှာပြိုတော့မည့်မိုးလိုမျိုးပင် ငိုမဲ့မဲ့ဖြစ်နေသည်။ ရှောင်ကျန့်၏ ဖြူဖျော့ နေသည့်မျက်နှာလေးက သူ့ရင်တစ်ခုလုံးကိုတစ်ဆစ်ဆစ်ဖြင့် ပြောမပြတတ်လောက်အောင်နာကျင်စေ၏။

"အမှန်ဆိုရင် ဖျားတဲ့သူကကိုယ် ဖြစ်ရမှာ....အ..အခုတော့ မင်းအရမ်းနာကျင်နေရပြီ မဟုတ်လား...."

ဝမ်ရိပေါ်က အသည်းငယ်စွာ ပြောရင်းဆိုရင်းဖြင့်တစ်ဝူးဝူးအော်ငိုပြန်သည်။ ကံကောင်းတာတစ်ခုက အိပ်ဆောင်ထဲတွင် မည်သည့်အစေခံမှ ရှိမနေခဲ့တာဖြစ်သည်။ မဟုတ်ရင် ဂုဏ်သိက္ခာကြီးမားပြီး သွေးအေးရက်စက်သည့် ဝမ်ဧကရာဇ်ကြီး၏ ခွေးပေါက်ကြီးတစ်ကောင်လို တစ်ဝူးဝူးအော်ငိုနေပုံကိုမြင်တွေ့ရပေလိမ့်မည်။

ရှောင်ကျန့်က ဖြူဖျော့နေသည့်မျက်နှာဖြင့် မျက်ရည်ဘူးသီးလုံးလောက်ကျနေသည့်ဝမ်ရိပေါ်ကို စိတ်လေစွာကြည့်သည်။

"မင်းဒီလောက်ထိငိုမနေစမ်းပါနဲ့....ငါမသေသေးဘူး....ဟုတ်ပြီလား"

"ဘာလို့သေတဲ့အကြောင်းတွေပြောနေတာလဲ!...မငိုနဲ့ဆိုမငိုတော့ဘူး....ဒါကြောင့်အဲ့စကားကိုမပြောနဲ့"

ဝမ်ရိပေါ်ဟာ သူ့မျက်ရည်တွေကိုအလောတကြီးသုတ်ပြစ်လိုက်သော်လည်းပဲ မျက်တွင်းတွေဖောင်းအစ်နေပြီး နီရဲနေသည့်မျက်သားတွေကိုကြည့်ရုံဖြင့် ဘယ်လောက်တောင် ငိုကြွေးဝမ်းနည်းခဲ့လည်းဆိုတာအရမ်းသိသာလွန်းသည်။

ဝမ်ရိပေါ်ဟာ ရှောင်ကျန့်ကို ပွေ့ဖက်ထားချင်သော်လည်းပဲ သူထိတွေ့လိုက်လို့ နာကျင်ထိခိုက်သွားမှာကိုလည်းကြောက်လန့်နေသေးသည်။

"ကိုယ်...ကိုယ် အကောင်းဆုံး သမားတော်ကိုခေါ်ထားတယ်....မင်းမကြာခင်ကောင်းသွားတော့မှာပါ...."

ပြောလို့စကားအဆုံးမှာပဲ အိပ်ဆောင်အပြင်ဘက်၌ လျှိုကုန်းကုန်း၏ ကျယ်လောင်သည့်သတိပေးသံထွက်ပေါ်လာသည့။

"အရှင်မင်းကြီး....နတ်ဆေးသမားတော် ရောက်ရှိလာပါပြီ"

"အမြန်ဝင်လာခဲ့"

system 091 Where stories live. Discover now