(5.24)End....

6.2K 607 10
                                    

Unicode

ရှောင်ကျန့်ကသူ့ကိုအလစ်အငိုက်တိုက်ခိုက်သူတွေအားဖြေရှင်းပြီးသည်နှင့်တိုက်ခိုက်နေသူအုပ်စုအားကြည့်ကာအကြံအစည်တစ်ခုဖြင့်သူ့မျက်လုံးတွေတောက်ပသွားခဲ့သည်။

ချက်ချင်းပင်သူ့ခန္ဓာကိုယ်နှင့်လက်ကောက်ဝတ်တစ်လျောက်အလှဆင်ထားသောပုလံဖြူတွေဟာပျံ့ကျဲသွားလျက်သူ့ဘေးပတ်လည်၌ဝေ့ဝဲနေသည်။ကောင်းကင်တစ်ခုလုံးပြည့်သိပ်နေသကဲ့သို့ဝဲပျံလျက်နေရာအနှံ့ပြေးဝင်သွားကြသည်။

၎င်းအန္တရာယ်ရှိဟန်မရသည့်ပုလဲဖြူဖြူလေးတွေဟာရှေးဟောင်းမိသားစု၁၄စု၏ထိပ်တန်းအကြီးအကဲတွေ၊ခေါင်းဆောင်တွေဆီသို့ဝင်တိုက်သွားသည်။ပထမ၌ထိုသူတွေကပုလဲလုံးတွေကိုဂရုမစိုက်ပေမယ့်ချက်ချင်းနောင်တရသွားကြသည်။

ထိုသေးသေးသွယ်သွယ်၊လုံးလုံးဝန်းဝန်းဖြင့်ပုလဲလုံးလေးတွေဟာသူတို့ကိုထိလိုက်သည်နှင့်စိတ်ဝိဥာဥ်၌ပြင်းထန်သောနာကျင်မှုတစ်ရပ်ကိုခံစားမိလိုက်ကြသည်။

စိတ်ဝိဥာဥ်ကကျင့်ကြံသူတိုင်းအတွက်အထိခိုက်အလွယ်ဆုံးနဲ့အသန်မာဆုံးသောဖြစ်တည်မှုတစ်ခုဖြစ်သည်။၎င်းကအနည်းငယ်သောထိခိုက်ဒဏ်ရာရရင်တောင်ပြန်လည်ကုသဖို့မဖြစ်နိုင်လုနီးပါးရှိ၏။

ယခုတစ်ခေါက်ရှောင်ကျန့်၏တိုက်ခိုက်မှုမှာအသေပြင်းထန်လွန်းလှသည်။ရှေးဟောင်းမသားစုကြီး၁၄စုရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေခမျာရေသူအုပ်လိုက်ကြီးနှင့်အသေအလဲတိုက်ခိုက်နေရရုံသာမကနေရာအနှံ့ကနေပြေးဝင်လာတတ်သည့်ပုလဲလုံးတွေကိုလည်းမနည်းရှောင်နေရသေးသည်။

"အားးးးးးးး"

တစ်ကြိမ်၌ရန်သူ့ဘက်မှလူတစ်ယောက်ဟာများပြားလှသောပုလဲလုံးတွေ၏တိုက်ခိုက်ခြင်းကိုခံလိုက်ရသည်။သူ့ရဲ့ခန္ဓာကိုယ်မှာထိခိုက်ဒဏ်ရာမရှိသော်လည်းပဲသူ့မျက်လုံးတွေမှာတစ်ဖြည်းဖြည်းမှိန်ဖျော့လာသည်။

ထိုသူနှင့်တိုက်ခိုက်နေသည့်ရေသူမျိုးနွယ်ဝင်တစ်ယောက်ဟာဤအခိုက်အတန့်ကိုအခွင့်ကောင်းယူ၍တိုက်ခိုက်လိုက်သည်။ကြမ်းတမ်းခက်ထန်သည့်အရိပ်အငွေ့တွေနှင့်အတူထိုသူ၏ခေါင်းမှာပြတ်ထွက်သွားပြီးသွေးတွေပန်းထွက်လာသည်။

system 091 Where stories live. Discover now