(7.1)

6.6K 685 48
                                    

Unicode

ချက်ချင်းဆိုသလိုရှောင်ကျန့်လက်ထဲ၌ဟန်းချိန်းတစ်ခုပေါ်ပေါက်လာသည်။ရှောင်ကျန့်အနေနဲ့ထိုအရာကိုရင်းနှီးသည်။

[hostရဲ့လက်ရှိမျက်နှာနဲ့၈၀%လောက်တူတဲ့ဟာရွေးပေးထားတယ်....]

"Ok အုန်းသီး....ရုပ်ပိုင်းဆိုင်ရာမြှင့်တင်ခြင်းစွမ်းရည်သုံးလို့ရပြီ...."

[ရုပ်ပိုင်းဆိုင်ရာမြှင့်တင်ခြင်းစတင်ပါပြီ.....3..2..1..0...ရုပ်ပိုင်းဆိုင်ရာမြှင့်တင်ပြီးဆုံးပါပြီ....ဒင်...ဒင်....hostကအရမ်းချောတာပဲ....]

ရှောင်ကျန့်ကပြုံးရုံပြုံး၍ကြေးမုံရှော့တွင်မတ်တပ်ရပ်၍သူ့ကိုယ်သူစူးစမ်းကြည့်လိုက်သည်။ဒီခန္ဓာကိုယ်ကသာမန်မိန်းကလေးတွေထက်ခေါင်းတစ်ဝက်စာလောက်အရပ်မြင့်သည်။ဒါပေမယ့်သူ့ခန္ဓာကိုယ်မှာသေးသွယ်လှပတာကြောင့်မိန်းကလေးအဝတ်အစားဝတ်ဆင်ထားသည့်အခါတွင်လွန်စွာကြည့်ကောင်းလွန်းလှ၏။

သူ့မျက်နှာတစ်ဝက်လောက်နှင့်လည်ပင်းကိုဖုံးကွယ်ထားသောမျက်နှာကာကိုပေါ့ပေါ့ပါးပါးပင်ဖယ်ရှားလိုက်သည်။သူတကယ်အံ့ဩသွားသည်။သူ့မျက်နှာလေးကအမှန်တကယ်လှပလွန်းသည်။

မက်မွန်သီးသဏ္ဍာန်မျက်ဝန်းလှလှလေးတစ်စုံနှင့်ခပ်ဖူးဖူးရဲရဲဖြင့်လှပသောနှုတ်ခမ်းလေးတွေမှာသူတွေ့ဖူးသမျှထဲတွင်ဆွဲဆောင်မှုအရှိဆုံးလို့တောင်ပြော၍ရသည်။လူတိုင်းကိုအလွယ်တကူညှို့ယူစွဲဆောင်နိုင်လွန်းသည့်မျက်နှာလေးဖြစ်သော်လည်းပဲယောက်ျားတစ်ယောက်ဖြစ်နေတာကြောင့်လိင်တူချစ်သူစုံတွဲမျိုးရှားပါးသည့်ယခုကမ္ဘာတွင်အနည်းငယ်နှမြောစရာတော့ကောင်းသည်။

ရှောင်ကျန့်ကသူ့ရဲ့အနှိုင်းမဲ့လှပတဲ့မျက်နှာလေးကိုအားရပါးရငမ်းနေရင်းသူ့ဆံပင်တွေမှာလွန်စွာရှည်လျားလွန်းနေကြောင်းတွေ့လိုက်ရသည်။၎င်းကဒူးခေါင်းကျော်သည်အထိရှည်လျားလွန်းလှသည်။

ယောက်ျားလေးတစ်ယောက်ဖြစ်ပြီးဘာကြောင့်ဒီလောက်တောင်ဆံပင်ထူပြီးနက်မှောင်ကောင်းမွန်နေရတာလဲ။

သူအချိန်မဆိုင်းတော့ပဲရိုးရိုးရှင်းရှင်းဖြင့်အသွင်ပြောင်းဟန်းချိန်းကိုလက်ကောက်ဝတ်တွင်ဝတ်ဆင်လိုက်သည်။ရှောင်ကျန့်ဟာသူ့တစ်ကိုယ်လုံးထူးထူးခြားခြားပြောင်းလဲသွားသည်ကိုခံစားလိုက်ရသည်။

system 091 Where stories live. Discover now