(3.6)

7.8K 819 31
                                    

Unicode

"မင်းဘာလုပ်လိုက်လဲဆိုတာကိုယ့်ကိုယ်ကိုရောသိရဲ့လား.....ဒီလုပ်ရပ်ကမင်းကိုအန္တရာယ်ဖြစ်စေလိမ့်မယ်.....လူတိုင်းကမင်းရဲ့ဇစ်မြစ်ကိုစုံစမ်းဖို့ကြိုးစားလာနိုင်တယ်...."

ဘုရင်မင်းမြတ်အန်ဒီ ဖိုင်းစမစ်တတ်ကရှောင်ကျန့်ကိုကြည့်ရင်းပြောသည်။

"ဒါတော့စိတ်မပူပါနဲ့အဖေ"

ရှောင်ကျန့်ကစားပွဲပေါ်တွင်သူတင်ထားခဲ့သည့်ဝံပုလွေနက်လေးအားကောက်ပွေ့ယူလိုက်သည်။

"ကျွန်တော်ကမသေချာပဲဘာကိုမှတစ်ဇွတ်ထိုးမလုပ်တတ်ဘူး"

"ဒါဆို.....အဲ့ဒီကိုမင်းဘာသွားလုပ်တာလဲ"

"သူမရဲ့သွေးကိုလိုချင်လို့..."

"သူမ????"

ဘုရင်မင်းမြတ်အန်ဒီကနားမလည်သည့်ဟန်ဖြင့်ပြန်မေးလာသည်။ဒါကိုနားလည်သည့်မိုးရစ်ခ်ကဝင်ရောက်ရှင်းပြလာသည်။

"သူမဆိုတာအရှင့်ရဲ့သမီးတော်.....
မင်းသမီးလယ်ရိုကိုပြောတာပါ"

ဘုရင်မင်းမြတ်အန်ဒီကခေါင်းတစ်ချက်သာငြှိမ့်လိုက်ရင်းရှောင်ကျန့်ဆီပြန်လည်အာရုံစိုက်လိုက်သည်။

"ဘာအတွက်လဲ"

ဘုရင်မင်းမြတ်အန်ဒီ၏လေသံထဲမှာလယ်ရိုအားသူ့ရဲ့သမီးအဖြစ်မသတ်မှတ်ထားပုံပေါ်သည်။သူစိမ်းတစ်ယောက်အကြောင်းဆွေးနွေးနေကြသည်နှင့်ပင်တူသည်။

ရှောင်ကျန့်ကဘာမှဆက်မပြောတော့ပဲမိုးရစ်ခ်ကိုတ်ချက်စောင်းငဲ့ကြည့်လိုက်သည်။ဤသည်ကိုနားလည်သည့်ဘုရင်မင်းမြတ်အန်ဒီဟာမိုးရစ်ခ်ကိုတစ်ချက်ကြည့်ကာထွက်သွားဖို့ရန်လက်ဖြင့်အချက်ပြလိုက်သည်။

မိုးရစ်ခ်ကအလိုက်တသိပင်အရိုအသေတစ်ချက်ပေး၍အခန်းအတွင်းမှထွက်ခွာသွားရင်းတံခါးပင်ပိတ်ပေးသွားသေးသည်။

အခန်းထဲမှာတိတ်ဆိတ်သွားသည်။ရှောင်ကျန့်ကအိပ်ပျော်နေသည့်ဝံပုလွေနက်လေးကိုပွတ်သပ်ပေးရင်းပြုံးလိုက်သည်။

"အဖေ.....ပျောက်ဆုံးနေတဲ့'လက်စ်ဇိုင်းယား'မျိုးနွယ်စုဧကရာဇ်အကြောင်းကြားဖူးလား"

system 091 Where stories live. Discover now