(6.19)

4.5K 569 40
                                    

Unicode

"မင်းက လင်သုန့်မဟုတ်လား...."

ကြေကွဲမှုအဖြာဖြာဖြင့်လင်သုန့်ဟာခေါင်းမော့၍ကြည့်လိုက်သည်။သူ့အရှေ့တွင်အတော်လေးလှပတဲ့ယောက်ျားလေးတစ်ယောက်နှင့်သူ့ကိုမှုန်ကုပ်ကုပ်မျက်လုံးတွေဖြင့်ကြည့်နေသည့်အရပ်မြင့်မြင့်ခပ်ချောချောယောက်ျားလေးတစ်ယောက်ကိုတွေ့လိုက်ရသည်။ထိုသူနှစ်ယောက်၏ရုပ်ရည်မှာထင်ရှားလွန်းတာကြောင့်ပတ်ဝန်းကျင်ကလူတစ်ချို့တောင်လှည့်ကြည့်လှည့်ကြည့်ဖြစ်နေကြလေသည်။

"ကျွန်တော့်ကိုသိတာလား...."

လင်သုန်ဟာသူ့ဒူးလေးနှစ်ဖက်ကိုပိုက်ထားရင်းပေါက်ပေါက်ကိုပါးစပ်ထဲထိုးထည့်၍မေးလိုက်သည်။ရှောင်ကျန့်ကပြုံးသည်။

"ငါ့ကိုမမှတ်မိဘူးလား.....ငါလုမင်ယွင်လေ...."

"ဟမ်?"

လင်သုန်ဟာကြောင်တောင်တောင်မျက်နှာဖြင့်အချိန်အတော်ကြာစဥ်းစားမိသွားသည်။

လုမင်ယွင်....လုမင်ယွင်......ငါတစ်နေရာရာမှာကြားဖူးသလိုပဲ။

ပြီးနောက်လင်သုန့်၏အညိုရောင်မျက်ဝန်းတွေမှာပြူးကျယ်သွားရင်းအလန့်တကြားထရပ်လိုက်သည်။

"ဟို....ဟို....ဟို....."

"လုမင်ယွင်ပါဟ....လု.မင်.ယွင်...."

"အော်....အင်း....ဟုတ်တယ်...ခင်ဗျားကတကယ်ပဲလုမင်ယွင်လား!!!"

ရှောင်ကျန့်ကမျက်ဆန်တစ်ချက်မျှလှန်လိုက်သည်။သူ့အနောက်မှာဆူပုတ်နေသည့်မျက်နှာဖြင်မတ်တပ်ရပ်နေသည့်ဟေးလစ်ခ်ကိုအရှေ့ဘက်ဆွဲခေါ်လိုက်ရင်းမိတ်ဆက်ပေးလိုက်သည်။

"မင်းသူ့ကိုလည်းသိတယ်လေ....အဲ့ဒီအချိန်တုန်းကဟေးလစ်ခ်က၃နှစ်အရွယ်ပဲရှိသေးတယ်....."

လင်သုန့်၏မျက်လုံးတွေမှာဟေးလစ်ခ်၏နတ်ဘုရားလိုမျက်နှာကိုကြည့်ရင်းပိုမိုပြူးကျယ်သွားသည်။

"သူ...သူက...အဲ့ဒီသခင်လေးဆိုတဲ့ကလေးသေးသေးလေးလား...."

"ဟုတ်တယ်....ဟုတ်တယ်....နောက်ဆုံးတော့မင်းမှတ်မိပြီပေါ့လေ...."

system 091 Where stories live. Discover now