(1.11)

8.2K 893 7
                                    

Unicode

"ဒီတိုင်းစစ်ကြည့်လိုက်ရင်ပြီးပြီမဟုတ်ဘူးလား"

ရှောင်ကျန့်ဝင်ထောက်ပြလိုက်သည်။ တခြားသူတွေကလည်းခေါင်းတငြှိမ့်ငြှိမ့်ဖြင့်ထောက်ခံ၏။

"မင်းကဘယ်သူမို့လို့ ငါ့ကိုစစ်ဆေးမှာလဲ"

ရှောင်ယောင်ဟာ မျက်စိမျက်နှာပျက်ဖြင့်ရှောင်ကျန့်ကို အော်ငေါက်လိုက်သည်။ ရှောင်ကျန့်ရဲ့အမူအရာမှာ မပြောင်းလဲပေမယ့် ဝမ်ရိပေါ်၏မျက်နှာကိုတော့ ကြောက်စရာကောင်းသွားစေသည်။ ရိပေါ်ရဲ့ မျက်လုံးအတွင်း၌နက်ရွှေရောင်မီးတောက်အချို့တောက်လောက်လာသည်။

ရှောင်ယောင်၏ မျက်နှာအမူအရာမှာတောင့်တင်းသွားသည်။ သူ့မျက်နှာ၌ချွေးအချို့စီးကျသွားပြီးထိတ်လန့်တုန်လှုပ်မှုများမှာမျက်လုံးအတွင်း၌ပေါ်ပေါက်လာသည်။

သူ့ခန္ဓာကိုယ်က လုံးဝလှုပ်မရတော့ပေ။

ရှောင်ယောင်၏မျက်လုံးဝိုင်းတစ်စုံဟာရှောင်ကျန့်နောက်မှာမတ်တပ်ရပ်နေတဲ့ဝမ်ရိပေါ်ဆီသို့ကျရောက်သွားသည်။ ထိုအခါသူ့မျက်လုံးအတွင်းရှိ တုန်လှုပ်မှုက ပိုမိုပြင်းထန်လာခဲ့သည်။

ဝမ်ရိပေါ်၏အမာရွတ်ကန့်လန့်ဖျက်တည်ရှိနေသည့်မျက်နှာပေါ်တွင်အမူရာလုံးဝမရှိပေ။သူ(ဝမ်ရိပေါ်)၏မျက်လုံးမှာလုံးဝနက်မှောင်နေပြီသူ့(ရှောင်ယောင်)ရဲ့ဝိဥာဥ်မှာစုပ်ယူခံလိုက်ရသကဲ့သို့ထင်ရသည်။

ရှောင်ယောင်ချက်ချင်းအကြည့်လွှဲလိုက်သည်။သူ့ကျောပြင်ပေါ်တွင်ချွေးစေးအချို့စီးကျနေ၏။ အခုချိန်တိုအတွင်းလေးတွင်းမှာပဲ​သေတွင်းက သီသီလေးလွတ်လာသလိုခံစားလိုက်ရသည်။

အဲ့လူက.....ဘာကြီးလဲ။

ထူးဆန်းသည်မှာ ရှောင်ကျန့်အပါအဝင်မည်သူကမှရှောင်ယောင်၏ထူးဆန်းမှုကိုလုံးဝသတိမထားမိပုံပေါ်နေသည်။ရှောင်ယောင်ကလုံးဝမလိမ်ညာရဲတော့ပေ။သူသာထပ်မံလိမ်ညာလိုက်လျှင်မည်သူမှမသိလိုက်ခင်မှာဘဲသေသွားမည်ဆိုသည်ကိုခံစားမိနေသည်။

"ကျ....ကျွန်တော်....တောင်းပန်ပါတယ်"

ရှောင်ယောင်ဟာစိတ်ပျက်အားငယ်စွာတောင်းပန်လိုက်သည်။လူလတ်ပိုင်းကြီး၏မျက်နှာအမူအရာမှာလုံးဝပြင်းထန်သွားပြီးရှောင်ယောင်၏မျက်နှာနုနုလေးအားဖြတ်ရိုက်လိုက်သည်။အားထိန်းထားခြင်းမရှိတာကြောင့်ရှောင်ယောင်ဟာလွင့်ထွက်သွားပြီးသူ့မျက်နှာမှာလုံးဝနီရဲယောင်ကိုင်းသွားသလိုသွေးတစ်ပွက်အန်လိုက်ရသည်။

system 091 Where stories live. Discover now