(6.16)

4.7K 566 20
                                    

Unicode

"အဟမ်း....ပထမဆုံးပြိုင်ပွဲကတော့ ကောင်လေးတွေကကိုယ့်ချစ်သူကောင်မလေးတွေကိုဘယ်လောက်ကြာကြာပွေ့ချီထားနိုင်လဲဆိုတာစမ်းသပ်မယ့်ဂိမ်းတစ်ခုပဲဖြစ်ပါတယ်.....ကဲ...ကဲ...ကောင်မလေးတွေအနေနဲ့ကိုယ့်ချစ်သူဘယ်လောက်သန်မာတယ်ဆိုတာသိဖို့အကောင်းဆုံးအချိန်ပဲနော်....."

​စီစဥ်တင်ဆက်သူမိန်းကလေး၏မျက်နှာမှာချက်ချင်းဆိုသလိုပြုံးဖြီးသွားပြီးBLအတွဲသုံးတွဲဆီသူမရဲ့အကြည့်တွေကိုဦးတည်လိုက်သည်။

"ဟုတ်ပြီရှင့်....ဒီကယောက်ျားလေးအတွဲသုံးတွဲမှာရောဘယ်သူကဘယ်သူ့ကိုပွေ့ချီမှာလည်းဆိုတာသိလို့ရနိုင်မလား...."

အမှန်တော့ဒီမေးခွန်းကသူမတောင်မေးစရာမလိုပေ။သေချာပေါက်ဦးဆောင်သူgongတွေကအောက်ပုဂ္ဂိုလ်shouလေးတွေကိုပွေ့ချီမှာပေါ့။

လူတိုင်း၏စိတ်ဝင်တစားအကြည့်တွေအောက်တွင်စုံတွဲတွေဟာသူတို့ရဲ့သက်ဆိုင်သူမိန်းကလေး၊ယောက်ျားလေးတွေကိုအလျားလိုက်ပွေ့ချီရန်အဆင်သင့် ပြင်လိုက်ကြသည်။

ဟေးလစ်ခ်ကရှောင်ကျန့်ကိုပွေ့ချီမည့်ဟန်ပြုလိုက်သည့်အခါတွင်ရှောင်ကျန့်ကချက်ချင်းတားဆီးလိုက်သည်။သူ့ရဲ့မျက်နှာလှလှလေးမှာတစ်နည်းတစ်ဖုံဖြင့်လေးနက်နေပြီးစီစဥ်တင်ဆက်သူမိန်းကလေးဘက်ကိုစိုက်ကြည့်လိုက်သည်။

"ဘာကြောင့်ဦးဆောင်သူယောက်ျားလေးတွေကပဲပွေ့ချီပိုင်ခွင့်ရှိကြတာလဲ.....အောက်ပုဂ္ဂိုလ်တွေမှာလဲကိုယ့်သိက္ခာနဲ့ကိုယ်ရှိပါတယ်ဗျ.... "

ရှောင်ကျန့်၏စကားကသိပ်မတိုးတာကြောင့်စင်မြင့်အနီးကပရိတ်သတ်တွေနှင့်စီစဥ်တင်ဆက်သူမိန်းကလေးမှာရှင်းရှင်းလင်းလင်းကြီးကြားလိုက်ရသည်။သူမရဲ့ပါးစပ်မှာအိုသဏ္ဍာန်ပြောင်းလဲသွားပြီးမနေနိုင်စွာပြန်မေးလိုက်မိသည်။

"ဒါဆိုဒီကလူကြီးမင်းကဘယ်လိုလုပ်ချင်လို့လဲရှင်...."

ရှောင်ကျန့်ကသူ့လက့်လက်ဆစ်တွေကိုချိုးလိုက်ပြီးယုံကြည်မှုအပြည့်ဖြင့်ပြုံးလိုက်သည်။

system 091 Where stories live. Discover now