(3.15)

6.7K 739 38
                                    

Unicode

အိုင်းစက်ဟာသူ့ရဲ့ကြောက်လန့်သွားမှုကိုအံကြိတ်ကာဖုံးကွယ်လိုက်ရင်းဘေးပတ်လည်ရှိမှော်နက်ကျင့်ကြံသူတွေကိုအချက်ပြလိုက်သည်။

အိုင်းစက်အပါအဝင်များပြားတဲ့မှော်နက်ကျင့်ကြံသူတွေဟာအုပ်စုလိုက်ဝင်ရောက်တိုက်ခိုက်လာသည်။သူတို့၏ဘေးပတ်လည်တွင်အနက်ရောင်အမျှင်တန်းတွေပျံ့ကြဲနေသည်။

ရိုင်နယ်တေး၏ဖီးနစ်ပုံစံအနက်ရောင်မျက်ဝန်းတွေမှာရွှေရောင်တောက်ပလာပြီးသူ့အနားတစ်ဝိုက်တွင်တောက်ပသည့်ရွှေရောင်အလင်းတန်းတွေထွက်ပေါ်လာသည်။မှော်နက်ကျင့်ကြံသူတွေဟာလွန်စွာတောက်ပသည့်ထိုရွှေရောင်အလင်းတန်းနှင့်ထိတွေ့မိလိုက်သည်နှင့်သူတို့ရဲ့သူတို့အားလုံး၏အရေပြားတွေဟာလောင်ကျွမ်းလာသည်။

"အားးးးးး"

လေထုထဲတွင်အသားညှော်နံ့နဲ့အတူအိုင်းစက်နှင့်များစွာသောမှော်နက်ကျင့်ကြံသူတွေဟာလွင့်ထွက်သွားကြသည်။လူတိုင်းဟာကြောက်လန့်စွာ၎င်းရွှေရောင်ပိုးအိမ်ကြီးကိုသာစိုက်ကြည့်နေမိကြသည်။ရွှေရောင်အလင်းတန်းတွေမှေးမှိန်သွားသည်နှင့်ရိုင်နယ်တေး၏ပုံသဏ္ဍာန်ကိုလူတိုင်းထင်ထင်ရှားရှားမြင်တွေ့လိုက်ရသည်။

အိုင်းစက်နှင့်မှော်နက်မျိုးနွယ်ဝင်တိုင်း၏မျက်ဝန်းတွေမှာလုံးဝပြူးကျယ်သွားပြီးတစ်ဆတ်ဆတ်တုန်ရီလာသည်။

ရိုင်နယ်တေး၏နဂိုအနက်ရောင်ဆံနွယ်ရှည်များမှာလှပသောရွှေရောင်အဖြစ်ပြောင်းလဲသွားပြီးသူမတူအောင်လှပသည့်မျက်နှာထက်တွင်ရွှေရောင်မျက်ဝန်းတစ်စုံနှင့်အတူအေးစက်စွာစိုက်ကြည့်နေသည်။

အတုန်လှုပ်စရာအကောင်းဆုံးမှာရိုင်နယ်တေးဆီမှထွက်ပေါ်လာသည့်ဧကရာဇ်အရှိန်အဝါဖြစ်သည်။တစ်လောကလုံးကိုအုပ်စိုးသည့်ဧကရာဇ်တစ်ယောက်ထွက်ပေါ်လာသလိုမျိုး......

"လက်စ်ဇိုင်းယားမျိုးနွယ်စုဧကရာဇ်....."

တနည်းဆိုရသော်ထိုသူမှာသဘာဝကသတ်မှတ်ပေးထားသည့်တစ်လောကလုံးကိုအုပ်စိုးနိုင်သည့်ဧကရာဇ်ဖြစ်နေခဲ့သည်။

system 091 जहाँ कहानियाँ रहती हैं। अभी खोजें