(6.12)

4.7K 651 40
                                    

Unicode

"ဒီနေ့ဘယ်ဆိုင်သွားရင်ကောင်းမလဲ"

ဟိုဟိုဒီဒီတွက်ချက်လိုက်ရင်းစားသောက်ဆိုင်ကောင်းကောင်းတစ်ခုကိုစဥ်းစားလိုက်မိသည်။မူလခန္ဓာကိုယ်ပိုင်ရှင်၏ဆန္ဒတွေထဲ၌အစားကောင်းတွေအများကြီးစားချင်တာလည်းပါတာကြောင့်အားတဲ့အချိန်တိုင်းစားသောက်ဆိုင်ပေါင်းစုံသွားရောက်လည်ပတ်ကာလျှောက်စားတတ်သည်ကအကျင့်လိုဖြစ်နေလေသည်။

အုန်းသီးကရုပ်ပိုင်းဆိုင်ရာမြှင့်တင်ခြင်းကိုအသုံးပြု၍သွေးသန့်vampireအဖြစ်ပြောင်းလဲပေးလိုက်ချိန်၌တာဝန်ကြောင့်ချွင်းချက်အနေဖြင့်အရသာခံနိုင်စွမ်းကိုချန်ထားပေးခဲ့သည်။မဟုတ်ရင်သူ့ရဲ့ထိုတာဝန်လေးမှာရှုံးနိမ့်နိုင်ဖွယ်သာရှိတော့သည်။

'အုန်းသီး....'

[ဗျာ....]

'လီယန်းရဲ့ပြောစကားအရဆိုရင်ဒီကမ္ဘာရဲ့မူလဇာတ်ကြောင်းကအရမ်းကြီးကွဲလွဲမသွားဘူးလား.....မူရင်းဇာတ်ကြောင်းအတိုင်းသာဆိုရင်ဒီလိုပြင်းထန်ရှုပ်ထွေးတဲ့စစ်ပွဲကြားထဲကနေဇာတ်လိုက်နှစ်ယောက်ရဲ့ချစ်ခြင်းကတဖြည်းဖြည်းအမြစ်တွယ်လာတာလေ....'

[.....]

'အုန်းသီး??ငါပြောတာနားရောလည်ရဲ့လား'

[အဲ....နားလည်တာကတော့နားလည်ပါတယ်ဗျ.....ဒါပေမယ့်ဘာကြောင့်ဒီလိုဖြစ်သွားမှန်းအုန်းသီးလည်းသိဘူး]

'.....'

မေးမိတဲ့ငါမှားတာပါကွာ။

ရှောင်ကျန့်ကတွေးတွေးဆဆဖြင့်သူ့ခေါင်းကိုငုံ့ကိုင်းထားရင်းဖိနပ်ထိပ်လေးကိုကြည့်ကာလမ်းလျှောက်နေသည်။သူသတိမထားမိလိုက်ခင်မှာပဲအရပ်မြင့်မြင့်ဖြင့်အနက်ရောင်ဟူဒီဝတ်စုံဝတ်ဆင်ထားသူနှင့်ဆန့်ကျင်ဘက်ဖြတ်လျှောက်မိသွားခဲ့သည်။

အနက်ရောင်ဟူဒီဖြင့်ထိုသူရဲ့ပုံမှန်ခြေလှမ်းတွေမှာချက်ချင်းရပ်တန့်သွားပြီးအနောက်ဘက်ကိုကမန်းကတန်းလှည့်ကြည့်လိုက်သည်။သို့ပေမယ့်ရှုပ်ထွေးနေသည့်စင်္ကြံလမ်းတွင်မရေမတွက်နိုင်သောလူပေါင်းများစွာဖြင့်ရှုပ်ထွေးနေသည်။

system 091 Where stories live. Discover now