(3.13)

6.7K 790 46
                                    

Unicode

ရှောင်ကျန့်မနက်နိုးလာတော့အပြင်ဘက်၌ဆူဆူညံညံအသံတွေကိုဦးစွာကြားလိုက်ရသည်။

ရှောင်ကျန့်ဟာမျက်မှောင်တစ်ချက်ကြုတ်လိုက်ရင်းရိုင်နယ်တေး၏ရင်ခွင်အတွင်းမှထထိုင်လိုက်သည်။

"ဘာဖြစ်နေတာလဲ"

ရိုင်နယ်တေးကရှောင်ကျန့်ရဲ့လျော့တိလျော့ရဲဖြစ်နေသည့်အဝတ်တွေထဲသူ့လက်ဖဝါးကြီးထည့်လိုက်ရင်းရှောင်ကျန့်၏သေးသွယ်တဲ့ခါးလေးကိုပွေ့ဖက်လိုက်သည်။

ရုတ်တရတ်တံခါးခေါက်သံနဲ့အတူဂျိတ်ခ်၏အလောတကြီးခေါ်သံထွက်ပေါ်လာသည်။

"ဖေးလစ်....ဖေးလစ်......"

ရှောင်ကျန့်ကကုတင်ပေါ်မှကြမ်းပြင်ပေါ်သို့ခြေချ၍တံခါးဆင်းဖွင့်ဖို့ရန်လုပ်သည်။သို့သော်ရိုင်နယ်တေးကရှောင်ကျန့်ကိုတားဆီးလိုက်ကာမျက်နှာထက်သို့မြေခွေးမျက်နှာဖုံးလေးတပ်ပေးသည်။

"အာ.....ငါမေ့သွားတာ...
ကျေးဇူး...."

ရိုင်နယ်တေးကပြုံးရုံသာပြုံးပြ၍မြေခွေးမျက်နှာဖုံး၏နှုတ်ခမ်းနေရာအားနမ်းလိုက်သည်။

"သခင့်အတွက်"

ရှောင်ကျန့်ကအနည်းငယ်ရှက်သွားသည်။

ရှောင်ကျန့်တံခါးဆီသို့လျှောက်သွားရင်းတစ်ဒုန်းဒုန်းဖြင့်အသံထွက်နေသည့်တံခါးကိုဆွဲဖွင့်လိုက်သည်။တံခါးပွင့်သွားသည်နှင့်ဂျိတ်ခ်၏စိုးရိမ်တကြီးမျက်နှာမှာလျော့ကျသွားသည်။

"မင်းဘာမှမဖြစ်ဘူးမဟုတ်လား"

"ငါကဘာဖြစ်ရမှာလဲ"

"မင်းတို့ကိုယ်တိုင်လိုက်ကြည့်ရင်ကောင်းမယ်"

ဂျိတ်ခ်ကဝံပုလွေမျက်နှာဖုံးဖြင့်ရှောင်ကျန့်အနောက်ကလိုက်ထွက်လာသည့်ရိုင်နယ်တေးကိုပါခြုံကြည့်လိုက်ရင်းပြောသည်။

ထို့နောက်ရှောင်ကျန့်တို့သုံးယောက်ဟာဟိုတစ်စုဒီတစ်စုဖြင့်ဆူညံနေသည့်လူအုပ်နားသို့ဦးတည်လာသည်။လူအုပ်အလည်တွင်အလောင်းသုံးလောင်းရှိနေပြီးထိုသုံးယောက်လုံး၏ခန္ဓာကိုယ်တစ်ခုလုံးဟာရှုံ့တွခြောက်ကပ်နေသည်။၎င်းကမှော်နက်မျိုးနွယ်ဝင်တွေလက်ချက်ဆိုတာသိသာ၏။

system 091 Место, где живут истории. Откройте их для себя