Arc(1.16) [Return]

6K 506 15
                                    

Unicode

[ပြန်လာတာ ကြိုဆိုပါတယ် host....နောက်ကမ္ဘာက host အတွက်နောက်ဆုံးကမ္ဘာပါဗျ....]

"နောက်ဆုံး ကမ္ဘာ...."

[အင်း....ဟုတ်တယ်လေ....]

ရှောင်ကျန့်က အတော်ကြာတိတ်ဆိတ်သွားသည်။ အုန်းသီးအနေနဲ့ သူ့host ရဲ့တိတ်ဆိတ်မှုကိုနားမလည်သော်လည်းပဲ စိတ်ရှည်လက်ရှည်ဖြင့် စောင့်ဆိုင်းနေရှာသည်။

"အုန်းသီး..."

[ကျွန်တော်ရှိပါတယ် host]

"ငါ နောင်တ အရဆုံးလုပ်ရပ်ကဘာလဲဆိုတာမင်းသိလား"

[မသိပါဘူးဗျ...]

ရှောင်ကျန့် : "....."

ရှောင်ကျန့်ဟာ သူ့ရဲ့ဒေါသစိတ်သေးသေးလေးကို မကျေမချမ်းဖြင့်မျိုသိပ်လိုက်ရင်း အုန်းသီးကိုမျက်စောင်းကြီးကြီးတစ်ချက်ထိုးလိုက်သည်။

"ငါ့အတွက်ဝမ်ရိပေါ်ကအရေးကြီးဆုံးဆိုတာ မင်းလည်းသိပါတယ်....နောက်ကမ္ဘာက ငါ့အတွက်နောက်ဆုံးဆိုတော့ စိတ်ထဲမကျေမနပ်ဖြစ်နေတဲ့ အရာကိုပြန်ပြီးပြောင်းလဲချင်တယ်....ရိပေါ်ကို အရမ်းကြီးမခံစား စားစေခဲ့သင့်ဘူး.... အစတည်းက နားလည်ခဲ့သင့်တာ...."

[အမ်....ကျွန်တော် နားလည်သလိုလိုနဲ့သိပ်နားမလည်ဘူးရော်...]

ရှောင်ကျန့် : "....."

ရှောင်ကျန့်က အုန်းသီးကိုမျက်လုံးစိမ်းကြီးတွေနဲ့ကြည့်သည်။ သူ ခံစားချက်အပြည့်ဖြင့် စကားပြောနေချိန်တိုင်း ထထဖောက်တတ်သည့်အုန်းသီးအကျင့်ကို လုံးဝမေ့သွား၏။

ရှောင်ကျန့် : "ပိုပြီး ပွင့်ပွင့်လင်းလင်းပြောရရင် ငါ့လင် တစ်ယောက်တည်းကျန်ခဲ့တဲ့ ပထမဆုံး ကမ္ဘာကိုပြန်သွားပြီးပြုပြင်လို့ရနိုင်မလား!...."

အုန်းသီး : [.....]

[အမ်....တ ကယ် ကြီး....]

"ငါ့ရုပ်က အခွက်ပြောင်နေတာနဲ့ တူလို့လား"

[စိတ်မဆိုးပါနဲ့ host ရယ်....ကျွန်တော်လည်း host ဒီလိုတောင်းဆိုလိမ့်မယ်လို့ မထင်ထားလို့ပါ....]

"ပြန်သာဖြေစမ်းပါ အုန်းသီးရာ....ရလား?...မရဘူးလား?..."

[အမှန်တိုင်းပြောရရင် ပြုပြင်ပြီးသားကမ္ဘာက အချိန်တွေကိုနောက်ပြန်ဆုတ်ပြီး ပို့ပေးလို့တော့အဆင်မပြေဘူးဗျ....]

system 091 Where stories live. Discover now