(4.12)

5.5K 683 16
                                    

Unicode

ဤသို့ဖြင့်သုံးရက်လောက်သတိလစ်နေပြီးနောက်တွင်ချင်းထန်ဟာပြန်လည်သတိရလာသည်။

"ဒါလင်.....မသက်မသာခံစားနေရသေးလား"

ချင်းထန်ကဖြူဖျော့နေသည့်မျက်နှာဖြင့်ဆေးရုံကုတင်ထက်တွင်ကျောမှီကာထိုင်ရင်းခေါင်းခါပြသည်။

"ချင်းထန်....မင်းဘာဖြစ်သွားတာလဲဆိုတာမှတ်မိသေးရဲ့လား"

ပိုင်မင်နှင့်အပေါင်းအပါတစ်သိုက်ကသိချင်စိတ်ဖြင့်မေးမြန်းလာသည်။

ရှောင်ကျန့်ကလည်းသိချင်နေသည်။

"သားအဆင်မပြေရင်ပြောစရာမလိုပါဘူး"

ဆရာမလီကသက်ပြင်းဖွဖွချကာချင်းထန်ကိုပြောသည်။

"မဟုတ်ဘူး....ကျွန်တော်ပြောပြနိုင်ပါတယ်....."

လူတိုင်း၏စိတ်ဝင်တစားအကြည့်အောက်မှာပင်ချင်းထန်ကသူ့ရဲ့ကိုက်တတ်လာသည့်ခေါင်းကိုဖိကိုင်ရင်းသူ့ရဲ့မျက်နှာဟာလည်းပုံမှန်ထက်ပိုမိုဖြူဆုတ်သွားကာကြောကလန့်စရာတစ်စုံတစ်ခုအားသတိရသွားပုံပေါ်သည်။

"ကျွန်တော်ညသန်းခေါင်အချိန်ကြီးနိုးလာပြီးတော့အခန်းပြင်ဘက်ကနေခြေသံတစ်သံကြားလိုက်ရတယ်.....ညသန်းခေါင်ကြီးဘယ်သူများလဲဆိုပြီးထွက်ကြည့်လိုက်မိတော့အဖြူရောင်အလင်းတစ်ခုကိုတွေ့လိုက်ရတာကြောင့်လိုက်သွားမိခဲ့တာ.....ပြီးတော့......."

"ပြီးတော့ဘာဆက်ဖြစ်လဲ"

ချင်ဖေးဖေးကဝင်ထောက်ပေးသည်။မသိသာပေမယ့်ချင်းထန်၏အသံမှာသူ့ကိုယ်သူပင်မယုံကြည်နိုင်မှုတစ်ချို့ရစ်ဝဲနေ၏။

"ပြီးတော့ငါအခန်းတစ်ခန်းရှေ့ကိုဘယ်လိုရောက်သွားမှန်းမသိဘူး.....အခန်းတံခါးကိုသော့အိမ်ဟောင်းကြီးတစ်ခုနဲ့ခတ်ထားတယ်.....အဲ့ဒီနောက်ငါ့ရဲ့စိတ်ကလွတ်ထွက်သွားပြီးဘေးနားမှာရှိနေတဲ့သံတုတ်တစ်ချောင်းကိုကိုင်ရင်းသော့အိမ်ကိုမရပ်မနားရိုက်ပြစ်လိုက်မိတယ်...."

"ဒါပေမယ့်ငါတို့ဘာသံမှမကြားမိဘူးလေ"

ယေဘုယျအားဖြင့်တိတ်ဆိတ်နေသည့်ညအချိန်တွင်သံတုတ်နှင့်သော့အိမ်ရိုက်မိသံမှာကျယ်လောင်စွာထွက်ပေါ်လာသင့်၏။ဒီ့အတွက်လူတိုင်းနီးပါးဒီအသံကိုကြားသင့်သည်။

system 091 Where stories live. Discover now