(5.18)

5.5K 577 11
                                    

Unicode

ရှောင်ကျန့်ဟာနှုတ်ခမ်းအနည်းငယ်ဆူရင်းချင်းယွမ်အန်းကိုမေးလိုက်သည်။

"ဘယ်လိုလုပ်ဒီကိုရောက်နေတာလဲ"

ရှောင်ကျန့်ရဲ့ဆူပုတ်ပုတ်စကားလေးကိုချင်းယွမ်အန်းဟာအပြုံးလေးတစ်ခုဖြင့်ပြန်လည်တုန့်ပြန်ရင်းဖြေလာသည်။

"ဒီအတိုင်း.....ပျင်းလို့လမ်းလျှောက်ထွက်လာရုံပါ...."

ရှောင်ကျန့် : "....."

ငါ့ကိုအချဥ်များမှတ်နေလား......ဟမ်....ညကြီးမင်းကြီးငါပိုင်တဲ့တောင်ပေါ်မှာခိုးကြောင်ခိုးဝှက်ရောက်လာတာကိုကျွန်တော်ကရိုးသားတဲ့ဖိုးသခွားလေးပါလို့ပြောရုံနဲ့ပြီးသွားရောတဲ့လား.....

ရှောင်ကျန့်ကနှာတစ်ချက်မှုတ်လိုက်ရင်းချင်းရွမ်အန်း၏ကျောနောက်ဘက်ကိုအနည်းငယ်လောက်ကျော်ခွကြည့်လိုက်သည်။

"ခင်ဗျားတစ်ယောက်တည်းလား....ချင်းယွမ်မူရော"

ချင်းယွမ်မူအကြောင်းစကားစလိုက်မိသည်နှင့်ချင်းယွမ်အန်း၏မျက်နှာထက်တွင်ထူးဆန်းသည့်အပြုံးကြီးတစ်ခုမသိမသာပေါ်ပေါက်လာ၏။

သူကိုယ်တိုင်သူ့ညီဖြစ်သူကိုအလစ်အငိုက်တိုက်ခိုက်ပြီးထူးဆန်းတဲ့ဆေးတစ်မျိုးနဲ့သတိလစ်မေ့မြောသွားစေ၍မြင့်မြတ်ရတနာတစ်ချို့ဖြင့်ထိန်းချုပ်ပိတ်လှောင်ထားကြောင်းသေတောင်ပြောမည်မဟုတ်ပေ။၎င်းကနာရီပိုင်းလောက်သာထိန်းထားနိုင်မှာဆိုပေမယ့်ကိစ္စမရှိချေ။ဒီအချိန်လေးအတောအတွင်းရှောင်ကျန့်နဲ့အတူနောက်ထပ်ခြေတစ်လှမ်းထပ်တိုးနိုင်သ၍အဆင်ပြေသည်။

ကံကောင်းသည်ကသူ့ရဲ့အလစ်အငိုက်တိုက်ခိုက်မှုမှာအောင်မြင်သွားသည်လေ။သေချာသည်မှာချင်းယွမ်မူတစ်ယောက်အခုချိန်လောက်ဆိုအိပ်မက်ထဲကနေသေလုအောင်ကျိန်ဆဲနေလောက်သည်။

ချင်းယွမ်အန်းဟာခိုးကြောင်ခိုးဝှက်လှစ်ကနဲပြုံးလိုက်ရင်းသူ့လုပ်ရပ်နဲ့ဆန့်ကျင်စွာသူ့ချစ်ညီလေးအားအနည်းငယ်ချောက်ချပြစ်အောင်ချလိုက်သေးသည်။

"သူအခုချိန်လောက်ဆိုအိပ်နေလောက်ပြီ.....မင်းမသိလို့....သူကအရမ်းအအိပ်မက်တယ်.....တစ်ခါတစ်လေဆိုအိပ်ရင်ဝက်ထက်တောင်ဆိုးသေးတယ်...."

system 091 Where stories live. Discover now