(3.19)

7K 810 49
                                    

Unicode

ဘာတွေဖြစ်ကုန်တာလဲ......

လူတိုင်း၏မျက်နှာမှာထိတ်လန့်တုန်လှုပ်သွားဟန်ပေါ်ပေါက်လာပြီး၎င်းအခြေအနေကိုနားလည်နိုင်ရန်မနည်းကြိုးစားနေရသည်။

ဆူးလ်(ခေါ်)လူမမာကောင်လေး၏မူလဖြူဖျော့နေသည့်မျက်နှာမှာလူသေကောင်ကဲ့သို့လုံးဝဖြူဆုတ်သွားပြီးသူ့ရဲ့ရင်ဘတ်တစ်ခုလုံးသူအန်ထုတ်ထားသည့်သွေးတွေဖြင့်ကြောက်မက်ဖွယ်ကောင်းစွာပေပွနေသည်။

အနီးဆုံးတွင်ရှိနေသည့်လယ်ရို၏ကြောင်အနေသည့်မျက်နှာထက်တွင်သွေးစက်တွေဖြင့်ပေကျံနေခဲ့သည်။အမျိုးသမီးကြီးဟာသူ့သားငယ်လေးသေတော့မလိုသွေးပွက်ပွက်အန်နေတာမြင်တော့အော်ကြီးဟစ်ကျယ်ဖြင့်ငိုယိုလေတော့သည်။

လယ်ရို၏မျက်လုံးတွေမှာပတ်ဝန်းကျင်ရှိအကြည့်တွေကြောင့်နီရဲသထက်နီရဲလာပြီးသူမရဲ့အလင်းစွမ်းအင်တွေကိုမူလတုန်းကထက်ပိုမိုစုစည်းပြီးဆူးလ်၏ရင်ဘက်ပေါ်သို့လက်တင်လိုက်သည်။

သူမလက်မလျော့ပေ.....သူမကဘာကြောင့်ဒီလိုပုရွက်ဆိတ်လေးတစ်ကောင်ကိုတောင်မကယ်တင်နိုင်ရမှာလဲ......

"လယ်ရို.....မင်းတော်သင့်နေပြီ...."

ရှောင်ကျန့်ကရူးသွပ်လုဆဲဆဲဖြစ်နေတဲ့လယ်ရိုကိုတားဆီးလိုက်သည်။သို့သော်သူမကရှောင်ကျန့်ကိုမျက်ထောင့်နီကြီးဖြင့်သာစိုက်ကြည့်လိုက်ရင်းအလင်းစွမ်းအင်တွေကိုပို၍ပင်များပြားလာအောင်စုစည်းလိုက်သေးသည်။

ရှောင်ကျန့်ကမျက်မှောင်ကြုတ်လိုက်သည်။

ဇာတ်လိုက်မကတကယ်ရူးနေတာပဲ........

ဇာတ်လိုက်မလယ်ရိုရဲ့အလင်းစွမ်းအင်မှာပိုမိုတောက်ပလာလေလူမမာကောင်လေးဆူးလ်၏မျက်နှာပါပိုမိုသွေးဆုတ်ဖြူရော်လာပြီးသွေးတွေအဆက်မပြတ်အန်ထုတ်လာလေဖြစ်သည်။

"ရပ်....ရပ်ပေးပါတော့မင်းသမီးရယ်.....ကျွန်တော်မျိုးမရဲ့သားငယ်လေးသေလုမြောပါးဖြစ်နေပြီ...."

လယ်ရိုကအနားကပ်လာသည့်အမျိုးသမီးကိုကြမ်းတမ်းစွာတွန်းထုတ်လိုက်ကာသူမရဲ့အလင်းစွမ်းအင်တွေစုစည်းခြင်းအားလုံးဝမရပ်တန့်ခဲ့ပေ။

system 091 Where stories live. Discover now