(7.5)

5.6K 635 25
                                    

Unicode

ရှောင်းအမတ်ကြီးအိမ်တွင်သစ္စာရှိအစေခံတစ်ချို့မှလွဲ၍လူသူနည်းနည်းပါးပါးသာရှိတော့သည်။ရှောင်းအမတ်ကြီးဟာ သူ့ကံကြမ္မာကိုအသေအချာလက်ခံယူဖို့ရန်အတွက်မနက်အစောကြီးထဲက ဥယျာဥ်ထဲမှာသပ်သပ်ရပ်ရပ်ဝတ်စားထားရင်း ထိုင်နေသည်။

ရှောင်းမေမေဟာဝမ်းနည်းဆို့နင့်နေသည့်မျက်ဝန်းတွေဖြင့်ရှောင်းအမတ်ကြီးကိုကြည့်ရင်း အရာအားလုံး၏အစ မှာသူမကြောင့်သာဖြစ်မှန်းသိလိုက်ရတာကြောင့်မထိန်းနိုင်ပဲရှိုက်ကြီးတငင်ငိုကြွေးလိုက်မိသည်။

"မငိုပါနဲ့မိန်းမရယ်.....ဟူး....အမှန်ဆိုမနေ့တည်းက မိန်းမထွက်သွားသင့်နေပြီ...."

ရှောင်မေမေကငိုနေရင်းကြားထဲကနေ ရှောင်းအမတ်ကြီးကိုလှမ်းဟောက်လိုက်သည်။

"ကျွန်မကရှင်နဲ့ သားလေးမပါပဲ ဘယ်လိုလုပ် တစ်ယောက်တည်းထွက်ပြေးနိုင်မှာလဲ....အကုန်လုံးကကျွန်မအမှားပါ....ကျွန်မရဲ့ရောဂါကြောင့်သာမဟုတ်ရင် ကျွန်မသားလေးအခုလိုအဖြစ်ဆိုးမျိုးနဲ့ကြုံတွေ့ခဲ့ရမှာမဟုတ်ဘူး...."

ပြောရင်းဆိုရင်းဖြင့် ရှောင်းမေမေဟာမျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျလာပြန်သည်။သူမ၏စိတ်ရောဂါမှာအတိုင်းအတာတော်တော်များများပြန်ကောင်းနေပြီဖြစ်တာကြောင့် ရှောင်ကျန့်ကို သားတစ်ယောက်အဖြစ်လက်ခံနိုင်ခဲ့သည်မှာတစ်နှစ်ခန့်သာရှိသေးသည်။ဒါပေမယ့်လူတိုင်းသိကြသည်မှာရှောင်းအမတ်ကြီး၌သမီးတစ်ယောက်သာရှိသည်ဟု။

ထိုကြောင့် အချိန်လွန်ပြီးမှမည်ကဲ့သို့နည်းလမ်းဖြင့် သူမသားငယ်လေးကို ယောက်ျားလေးတစ်ယောက်ဖြစ်ကြောင်းဖော်ပြရဲမည်နည်း။ထိုသို့သာပြုလုပ်မိခဲ့ရင်သူမသားငယ်လေးသူများတံတွေးခွက်ထဲပက်လက်မြောဟပေလိမ့်မည်။

ထို့ကြောင့်လည်းရှောင်းလင်မယားနှစ်ယောက်ဟာအစေခံတွေကိုမနေ့တည်းကထွက်သွားစေပြီးဖြစ်သည်။ရှောင်းအိမ်တော်တွင်သူတို့ကိုသေသည်အထိသစ္စာရှိသည့်အစေခံတစ်ယောက်စ နှစ်ယောက်စနှင့်အတူ တော်ဝင်နန်းတော်မှ သေဒဏ်ကျလာမည့်အချိန်ကို စောင့်ဆိုင်းနေကြပေသည်။

system 091 Where stories live. Discover now