(8.2)

3.3K 489 44
                                    

Unicode

ရှဲ့အိမ်တော်ရောက်တာနဲ့ ရှဲ့ချုံရန်၏ပထမဆုံးအပြုအမူက အပေါ်ထပ်ကသူ့အခန်းထဲပြေးဝင်သွားတာပင်။ ရှောင်ကျန့်က ရှဲ့ချုံရန်၏မူပျက်နေသည့်ပုံကိုမြင်သည့်အခါတွင် သူနဲ့လုံးဝမဆိုင်သလိုမျိုး ပုခုံးတွန့်ရုံတွန့်လိုက်သည်။

'မနက်ဖြန်ကျောင်းပိတ်ရက်မဟုတ်လား....အဝနားပြစ်ရမယ်...'

[အမ်.... host ရေ....]

'ဘာလဲ'

[ကျွန်တော် host ကိုမနှောင့်ယှက်ချင်ပေမယ့် မနက်ဖြန်က မူလကိုယ်ရှဲ့ယန်ရဲ့ဘဝအချိုးအကွေ့ကြီးတစ်ခုအဖြစ်သတ်မှတ်နိုင်တယ်ဗျ...]

'ဘယ်လိုမျိုးလဲ.... ရှင်းရှင်းပြော'

[မနက်ဖြန်က မူလရှဲ့ယန်ရဲ့ အရင်းနှီးဆုံးသူငယ်ချင်း ဟယ်စုန့်နန် မတော်တဆမှုတစ်ခုကြောင့်သေဆုံးမယ့်ရက်ပါ....ဒီအဖြစ်အပျက်က မူလရှဲ့ယန်အတွက်ရိုက်ချက်အကြီးကြီးတစ်ခုဖြစ်သွားခဲ့တယ်....ဘာကြောင့်ဆို ဟယ်စုန့်နန်က မူလကိုယ်အတွက် အရင်းနှီးဆုံး၊အနီးကပ်ဆုံးနဲ့ သံယောဇဥ်အရှိဆုံး တစ်ဦးတည်းသော သူငယ််ချင်းဖြစ်နေတာကြောင့်လေ.... ဟယ်စုန့်နန်ရဲ့သေဆုံးမှုက မူလကိုယ်ကို စိတ်ဒဏ်ရာကြီးကြီးမားမားရသွားစေခဲ့တာ....ဗီလိန်က ဟယ်စုန့်နန်သေဆုံးပြီးတဲ့အချိန် ရှဲ့ယန်အလိုအပ်ဆုံးအချိန်မှာ ရောက်လာတာကြောင့် အရမ်းသံယောဇဥ်တွယ်မိသွားတာမျိုးပါ....]

'ငါနားလည်ပြီ....ကြည့်ရတာ ငါ့ရဲ့အားလပ်ရက်လေးတွေကို တာ့တာပြရမယ့်ပုံပဲ...ဒါနဲ့ သူဘယ်လိုမတော်တဆမှုမျိုးကိုကြုံခဲ့ရတာလဲ'

[နည်း...နည်းနည်းတော့ ထူးဆန်းသလိုပဲဗျ....]

'????'

[ဟို....သူသေပုံသေနည်းက တတိယထပ်ဝရံတာမှာ ငှက်ပျောသီးစားနေရင်း ဖြစ်သလိုလွှင့်ပြစ်လိုက်တဲ့ငှက်ပျောခွံကိုတတ်နင်းမိရာကနေ ခြေချော်ပြီးပြုတ်ကျသွားတာ]

ရှောင်ကျန့် : "....."

ဆွံ့အသွားသည့်ရှောင်ကျန့်ဟာ ဟယ်စုန့်နန်၏အကျင့်စရိုက်ကိုစဥ်းစားမိသွားသည့်အခါတွင် ဒီလိုပေါက်တတ်ကရဖြစ်ရပ်မျိုးကဖြစ်နိုင်ချေရှိသည်ဟုခံစားလိုက်ရသည်။ ရှောင်ကျန့်ဟာ စိတ်လေစွာသက်ပြင်းတစ်ချက်ချမိလိုက်သော်လည်း သူ့လက်တစ်ဖက်က ဟယ်စုန့်နန်ဆီအလိုလျောက် ဖုန်းခေါ်မိလျက်သားဖြစ်နေ၏။ ဟယ်နန်စုန့်က နည်းနည်းနမော်နမဲ့နိုင်ပေမယ့် တကယ်စိတ်ရင်းမှန်ပြီးပေါင်းသင်းရလွယ်ကူသည်။ ဒီလိုသူငယ်ချင်းကောင်းတစ်ယောက်ကိုရှောင်ကျန့်ဟာ ဖြစ်ချင်ရာဖြစ်ဆိုပြီး ပြစ်မထားနိုင်ပါချေ။

system 091 Where stories live. Discover now