(3.9)

8.1K 823 43
                                    

Unicode

warning🚫🚫🚫⚠⚠⚠⚠⚠

*************

ရှောင်ကျန့်ကရိုင်နယ်တေးကိုသူ့ရဲ့မြို့စားအိမ်တော်သို့ပြန်လည်ခေါ်ဆောင်လာသည်။

သူ့ရဲ့ရွှေရောင်ဆံပင်များမှာအလွန်အမင်းထင်ရှားလွန်းတာကြောင့်ရှောင်ကျန့်ကထိုဆံပင်နဲ့မျက်လုံးအရောင်ကိုသာမန်အကျဆုံးအနက်ရောင်အဖြစ်ပြောင်းလဲခိုင်းသည်။ကံကောင်းစွာဖြင့်ရိုင်နယ်တေးအတွက်အရောင်ပြောင်းလဲခြင်းမှာလွန်စွာလွယ်ကူလွန်းလှသည်။ဘုရင်မင်းမြတ်ကလည်းရိုင်နယ်တေးကိုသူ့ဆီတွင်လာရောက်နေထိုင်ခွင့်ပြုခဲ့သည်။

ပြဿနာကညဘက်အိပ်ချိန်တွင်စသည်။ရိုင်နယ်တေးဟာသူဝံပုလွေသေးသေးလေးဘဝကကဲ့သို့ကုတင်ပေါ်တွင်သူ့ရဲ့လူကောင်ကြီးကိုမှအားမနာရှောင်ကျန့်ရင်ခွင်ထဲတိုးဝင်အိပ်ဖို့လုပ်သည်။

ကုတင်ကလွန်စွာကျယ်ဝန်းပေမယ့်အရွယ်ရောက်ယောက်ျားနှစ်ယောက်အတူတကွအိပ်တာမသင့်တော်ဟုရှောင်ကျန့်ထင်သည်။သူ့ရဲ့နဂို့၊နဂိုစိတ်နဲ့သာဆိုယောက်ျားလေးနှစ်ယောက်အတူအိပ်တာဘာမှမမှားဟုတွေးမိပေလိမ့်မည်။ကြည့်ရတာသူ့ရဲ့အတွေးတွေကသူကွေးသွားပြီးကတည်းကပြောင်းလဲသွားပုံရသည်။

နောက်ဆုံး၌ရိုင်နယ်တေးဟာလူကြီးတစ်ယောက်ထက်အနည်းငယ်ပိုကြီးမားသည့်ဝံပုလွေနက်ကြီးတစ်ကောင်အဖြစ်ပြောင်းလဲလိုက်သည်။ရှောင်ကျန့်ဟာထိုဝံပုလွေကြီး၏နူးညံ့သည့်အမွှေးတွေကိုမြင်သည့်အခါတွင်မပွတ်ရပဲမနေနိုင်ဖြစ်သွားကာကုတင်ပေါ်တွင်ပေးအိပ်လိုက်သည်။ရှောင်ကျန့်ဟာဝံပုလွေကြီး၏နူးညံ့တဲ့အမွှေးတွေထဲခေါင်းစိုက်ရင်းဇိမ်ကျကျအိပ်ပျော်သွားခဲ့သည်။

ရှောင်ကျန့်ဟာနှစ်ခြိုက်စွာအိပ်မောကျနေရင်းသူ့အိပ်မက်ထဲတွင်ကြောက်စရာဝံပုလွေကြီးတစ်ကောင်ကသူ့ကိုဖိချထားသည်ဟုအိပ်မက်,မက်သည်။ထို့နောက်၎င်းဝံပုလွေကြီးဟာသူ့ရဲ့လည်ပင်းကိုလျှာပြားကြီးဖြင့်လျက်ရင်းသူ့အဝတ်တွေကိုရန်ရှာပြီးဆွဲဖြဲသည်။

ရှောင်ကျန့်ဟာအလန့်တကြားနိုးထလာချိန်တွင်ခေါင်းကြီးတစ်ခုမှာသူ့လည်ပင်း၌စိုက်နေကြောင်းသတိထားမိလိုက်သည်။ထို့နောက်ထိုသူကရှောင်ကျန့်ရဲ့လည်ပင်းကိုလျက်လိုက်ကိုက်လိုက်စုပ်လိုက်ဖြင့်စိတ်ကြိုက်ပြုမူနေသည်။

system 091 Where stories live. Discover now