(2.1)

11.2K 1K 32
                                    

Unicode

ရှောင်ကျန့်စီးလာသည့်ဇိမ်ခံကားအနက်ရောင်သည်ကြီးမားသည့်ခြံဝန်းထဲသို့စတင်ဝင်ရောက်လာသည်။

၁၅မိနစ်ခန့်ကြာပြီးနောက်တွင်ကြီးကျယ်ခမ်းနားသည့်စံအိမ်ကြီးရှေ့၌ဇိမ်ခံကားကြီးမှာရပ်တန့်သွားသည်။ဇာတ်လိုက်မကျန့်နင်လေးသည်အရင်ဦးစွာရှောင်ကျန့်၏သေးငယ်သည့်လက်လေးကိုဆုပ်ကိုင်ရင်းကားပေါ်မှဆင်းလိုက်သည်။

ကလေးငယ်နှစ်ယောက်လုံးဟာသူတို့အရှေ့ကအလွန်အမင်းကြီးကျယ်ခမ်းနားသည့်အိမ်တော်ကြီးကိုပါးစပ်အဟောင်းသားဖြင့်ကြည့်ရုံသာတတ်နိုင်ကြသည်။ထိုအချိန်တွင်အလွန်လှပသည့်မိန်းမကြီးတစ်ယောက်သည်ရိုကျိုးပုံရသည့်လူအိုကြီးတစ်ယောက်နှင့်အိမ်ဖော်တစ်ချို့ကိုဦးဆောင်၍အိမ်အပြင်သို့ထွက်လာသည်။သူမဟာရှောင်ကျန့်တို့မောင်နှမနှစ်ယောက်ကိုမြင်သည်နှင့်နူးညံ့စွာပြုံးပြလာခဲ့သည်။

"ကလေးတို့ကအန်တီ့ယောက်ျားမိဘမဲ့ဂေဟာကခေါ်ယူမွေးစားထားတဲ့ကလေးတွေဖြစ်မယ်ထင်တယ်......"

ထိုမိန်းမကြီး၏ကျက်သရေရှိသည့်အပြုံးကိုမြင်သည့်ရှောင်ကျန့်ဟာဘာပြောရမှန်းမသိဖြစ်သွားခဲ့သည်။

"ဟုတ်ကဲ့.....တွေ့ရတာဝမ်းသာပါတယ်
အန်တီ.....သမီးနာမည်ကကျန့်နင်ပါ....
ဒါကတော့သမီးရဲ့အမွှာမောင်လေး
ကျန့်ရင်လို့ခေါ်ပါတယ်...."

တတ်ကြွသည့်ဇာတ်လိုက်မကျန့်နင်ကသူမမောင်လေးအစားပြန်လည်ဖြေကြားပေးသည်။

လှပသည့်မိန်းမကြီးဟာအလွန်လှပသည့်ကလေးနှစ်ယောက်ကိုအတော်လေးသဘောကျသွားသည်။အထူးသဖြင့်အငယ်ကောင်လေးကျန့်ရင်ဖြစ်သည်။ထိုကလေးက,ကလေးမလေးလောက်သွက်သွက်လက်လက်မရှိပေမယ့်သူ့ရဲ့သန့်စင်သည့်ပန်းရောင်ဖျော့ဖျော့မျက်ဝန်းဝိုင်းကြီးများမှာလူတိုင်းကိုကာကွယ်ပေးချင်စိတ်ပေါ်ပေါက်လာစေသည်။

"အရင်ဆုံးအန်တီကပဲတောင်းပန်ပါတယ်ကွယ်.....အန်တီ့ယောက်ျားကအန်တီအဖော်ရဖို့အတွက်ကလေးတစ်ယောက်လောက်မွေးစားဖို့ပြောနေတာကြာပြီ.....အခုလည်းကလေးတို့နှစ်ယောက်ကိုသွားကြိုမယ့်အချိန်ကျမှအရေးကြီးကိစ္စတစ်ခုပေါ်လာလို့အသည်းအသန်ပြေးသွားရတယ်လေ.....အန့်တီမှာလည်းနှလုံးရောဂါအခံရှိတော့အပြင်တွေဘာတွေထွက်ဖို့ကအဆင်မပြေဘူး.......ဒါကြောင့်သမီးတို့ကိုဒါရိုက်ဘာနဲ့ပဲခေါ်လာခဲ့ရတာပါ...."

system 091 Where stories live. Discover now