(4.10)

5.8K 681 25
                                    

Unicode

ညအချိန်တွင်တစ်လောကလုံးတိတ်ဆိတ်ငြိမ်သက်နေသလိုအခန်းထဲတွင်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့်အသက်ရှုသံတစ်ချို့တလေသာသိသိသာသာထွက်ပေါ်နေသည်။

ရှပ်...ရှပ်.....

အခန်းပြင်ရှိကော်ရစ်တာတွင်ခြေသံတစ်ရှပ်ရှပ်မှာကျယ်လောင်စွာထွက်ပေါ်လာသည်။

လူတိုင်းဟာနှစ်ခြိုက်စွာအိပ်မောကျနေကြပြီး၎င်းခြေသံအားမည်သူမှသတိမထားမိကြချေ။ချင်းထန်ကအရမ်းအအိပ်မက်သည်။သို့ပေမယ့်ထူးဆန်းစွာပင်ယခုလိုညသန်းခေါင်အချိန်၌ထိုခြေသံကြောင့်မျက်မှောင်ကြုတ်ရင်းမျက်လုံးဖွင့်လာသည်။

ဘာသံလဲဟ.....

ချင်းထန်ဟာသူ့ခေါင်းကိုကုတ်လိုက်ရင်းပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်လိုက်သည့်အခါတွင်လူတိုင်းကနှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေကြပြီးသူတစ်ယောက်တည်းသာကွက်ပြီးနိုးနေခြင်းဖြစ်ကြောင်းတွေ့လိုက်ရသည်။

တိတ်ဆိတ်ငြိမ်သက်နေသည့်ပတ်ဝန်းကျင်၌ကျယ်လောင်ထင်ရှားသည့်ခြေသံမှာထပ်မံထွက်ပေါ်လာသည်။

ရှပ်....ရှပ်.....

"ဘယ်သူလဲ"

တိတ်ဆိတ်နေသည်။
ချင်းထန်ဟာမျက်မှောင်ကြုတ်လိုက်ပြန်ရင်းကုတင်ထက်မှဆင်းကာတံခါးနားသို့သွားသည်။အခန်းတံခါးအားဖွင့်လိုက်သည်နှင့်ပုံမှန်ထက်ပိုမိုမှောင်မဲနေသည့်ကော်ရစ်တာကြီးကသူ့ကိုစီးကြိုသည်။

ချင်းထန်ကဘယ်ညာကြည့်ပေမယ့်လူနှင့်တူသောတစ်စုံတစ်ယောက်မှရှိမနေခဲ့ချေ။

ရုတ်တရတ်ကော်ရစ်တာလမ်းဆုံးတစ်နေရာတွင်အလင်းရောင်တစ်ချက်လက်ကနဲဖြစ်သွားသည်အားသေသေချာချာမြင်တွေ့လိုက်ရသည်။

"အဲ့မှာဘယ်သူလဲ"

ချင်းထန်ဟာသိချင်စိတ်ဖြင့်အခန်းထဲမှ၎င်းနေရာသို့လျှောက်သွားသည်။

တစ်ဖက်တွင်ရှောင်ကျန့်၏ကုတင်ပေါ်ရှိဇာမဏီသဏ္ဍာန်အစိမ်းရောင်မျက်ဝန်းတစ်စုံမှာမျက်လွှာပင့်ရင်းချင်းထန်ထွက်ခွာသွားရာတံခါးဆီသို့တစ်ချက်မျှစိုက်ကြည့်လာသည်။

system 091 Where stories live. Discover now