(1.32) [Return]End....

4.1K 480 38
                                    

Unicode

ရှောင်ကျန့်နှင့်ဝမ်ရိပေါ်၏ပြန်လည်တွေဆုံမှုအပြီးတွင် ဝမ်ရိပေါ်က အစောင့်ချထားသည့်မြို့စားရန်နှင့် မြေခွေးလေး အနောက်ကနေလိုက်ဖမ်းခဲ့သည့် အစောင့်တွေအပေါ် ဒေါသပုန်ထခဲ့သည်။ အိမ်တစ်ခုလုံးပြိုလဲပျက်ဆီးကုန်ပြီး ဒီမှာရှိတဲ့လူတိုင်း အကြောင်းမဲ့သက်သက်သေ မသွားစေရန်အတွက် ရှောင်ကျန့်မှာ ဝမ်ရိပေါ်ကိုအတော်ကြာချော့မြူနှစ်သိမ့်ပြီးတားဆီးလိုက်ရသည်။

ရန်ကျင့်ကျင့်က အဖြစ်အပျက်တစ်ခုလုံးကိုကြောင်အ စွာကြည့်နေရင်း နတ်ဆိုးနှင့်နတ်ဘုရားသားရဲကြား ရင်းနှီးကျွမ်းဝင်မှုနှင့် မခွဲနိုင်မခွာရက်ချစ်ခြင်းမေတ္တာကိုသတိထားမိလိုက်သည်။ သူမခေါင်းထဲ အကြောင်းပြချက်မရှိပဲ နတ်ဆိုးဧကရာဇ်နှင့်နတ်ဘုရားသားရဲ၏ သေကွဲကွဲခဲ့ရသည့်အချစ်ဇာတ်လမ်း ပုံပြင်တစ်ခုလုံးဝင်ရောက်လာသည်။

ရန်ကျင့်ကျင့်ဟာ တုန်ရီနေသည့်လက်ချောင်းတွေဖြင့် ဝမ်ရိပေါ်ကိုလက်ညှိုးထိုးလိုက်သည်။

"ရှင်...ရှင်က နတ်ဆိုးဧကရာဇ်ပဲ"

"....."

"ပြီးတော့ သူ!.....သူက ပုံပြင်တွေထဲမှာထည့်ထည့်ပြောနေကျ နတ်ဘုရားသားရဲဆိုတဲ့ ရှင့်ချစ်သူမဟုတ်လား....."

ရန်ကျင့်ကျင့်၏ရုတ်တရတ်အပြုအမူနှင့် စကားတွေကပရမ်းပတာပတ်ဝန်းကျင်ကြီးကိုချက်ချင်းငြိမ်သက်တိတ်ဆိတ်သွားစေသည်။ မည်သူမှပြန်လည်မတုံ့ပြန်ကြပေ။ ဝမ်ရိပေါ်က ရန်ကျင့်ကျင့်ကိုဂရုစိုက်ရမှာတောင်ပျင်းရိနေပြီး ရှောင်ကျန့်၏ခန္ဓာကိုယ်လေးကိုသာတင်းတင်းကြပ်ကြပ်ပွေ့ဖက်၍ တည်ရှိမှုနှင့်ကိုယ်ငွေ့နွေးနွေးကိုခံစားလို့နေသည်။

သူက မငြင်းဆန်ခဲ့ပေ။

တကယ်လည်းဟုတ်နေတာပဲမဟုတ်လား။

ခန်းမထဲမှာရှိတဲ့လူတိုင်း သူတို့သွေးတွေအထက်အောက်ပြောင်းပြန်စီးဆင်းသွားသလိုခံစားလိုက်ရသည်။ ခြေဖျားလက်ဖျားတွေတုန်ရီလာပြီး သူတို့အရှေ့က နတ်ဆိုးမှာ ဒဏ္ဍာရီတစ်ခုလိုဖြစ်တည်မှုကြီးဖြစ်ကြောင်းမယုံကြည်နိုင်သလိုခံစားနေရ၏။

system 091 Where stories live. Discover now