(4.11)

5.6K 690 17
                                    

Unicode

နေရောင်ခြည်ကပြတင်းပေါက်ကနေတစ်ဆင့်ရှောင်ကျန့်ရဲ့အိပ်ပျော်နေသောမျက်နှာနုနုထက်သို့ကျဆင်းလာသည်။

"အားးးးးးးးးး"

သာယာတဲ့မနက်ခင်းအားကျယ်လောင်သည့်အော်သံကလုံးဝဖျက်စီးသွားသည်။

ရှောင်ကျန့်အပါအဝင်အခန်းထဲကကျောင်းသားတွေဟာအလန့်တကြားအိပ်ချင်မူးတူးဖြင့်ထထိုင်လိုက်မိကြပြီးတစ်ယောက်မျက်နှာတစ်ယောက်အူကြောင်ကြောင်ဖြင့်သာကြည့်နေမိကြသည်။

ရှောင်ကျန့်ဟာကလေးအရွယ်ဇိုင်းရဲ့ရင်ခွင်သေးသေးလေးအတွင်း၌အိပ်ပျော်နေတာဖြစ်ပြီးသူနိုးလာသည်ကိုမြင်သည့်အခါတွင်ဇိုင်းကအလိုမကျသလိုမျက်မှောင်ကြုတ်လိုက်သည်။

ရှောင်ကျန့်အခန်းတွင်းသို့ဝေ့ဝဲကြည့်လိုက်သည်နှင့်ဇာတ်လိုက်ချင်းထန်မှာပျောက်ဆုံးနေကြောင်းသတိထားမိလိုက်သည်။ရှောင်ကျန့်၏မျက်နှာလေးမှာပျက်ယွင်းသွားကာအအိပ်မက်သည့်သူ့ကိုယ်သူသာစိတ်ထဲကနေကျိန်ဆဲလိုက်မိသည်။

မူလဇာတ်ကြောင်းကိုသူတားလို့မရပေ။

လူတိုင်းဟာချင်းထန်ပျောက်နေသည်အားသတိမထားမိသေးချေ။သူတို့အားလုံးဟာအော်သံကြားရာအောက်ထပ်စားသောက်ခန်းဆီသို့သာအပြေးအလွှားဆင်းသွားကြသည်။

တစ်ခြားကျောင်းသားတွေနဲ့ဆရာနှစ်ယောက်ဟာလည်းသူတို့အခန်းတွေဆီကနေအောက်ထပ်သို့ပြေးထွက်လာကြသည်။

ရှောင်ကျန့်အောက်ထပ်သို့ရောက်သည်နှင့်လူတိုင်း၏အလန့်တကြားအော်သံတွေနဲ့အတူပင့်သက်ရှိုက်သံကိုယ်စီအားကြားလိုက်ရသည်။

ကြမ်းပြင်ထက်တွင်ဘယ်ဘက်ရင်ဘတ်၌ဟောင်းလောင်းပေါက်ဖြင့်လဲကျသေဆုံးနေသူတစ်ဦးရှိနေသည်။ထိုသူရဲ့တစ်ကိုယ်လုံးမှာသွေးသံရဲရဲဖြင့်တောင့်တင်းနေသည်ကိုကြည့်ရင်းအားဖြင့်သေဆုံးသွားသည်မှာနာရီအတော်ကြာပြီမှန်းခန့်မှန်းနိုင်သည်။

အလောင်း၏မျက်နှာမှာမယုံကြည်နိုင်စရာတစ်စုံတစ်ခုနှင့်တွေ့ဆုံခဲ့ရသလိုပြူးကျယ်နေ၏။၎င်းကကျောင်းသား၊ကျောင်းသူတွေကိုပိုမိုထိတ်လန့်တုန်လှုပ်လာစေသည်။

system 091 Where stories live. Discover now