(5.7)

6.7K 762 72
                                    

Unicode

ကျင့်ကြံခြင်းအဆင့်

စုဆောင်းခြင်းအဆင့် - 1 to 10

မော်တယ်အဆင့် - 1 to 10

အင်မော်တယ်အဆင့် - 1 to 10

နတ်ဘုရားအဆင့် - 1 to 10

သူတော်စင်အဆင့် - 1 to 10

ကြီးမြတ်သူအဆင့် - 1 to 10

ကြီးမြတ်သောကောင်းကင်နတ်ဘုရားအဆင့် - 1 to 10

*******************
********

"မင်းဘယ်သူ့ကိုကယ်ထုတ်ချင်တာလဲ"

"သူ"

ရှောင်ကျန့်ကမဆိုင်းမတွပင်ဟိုပြေးလိုက်၊ဒီပြေးလိုက်ဖြစ်နေတဲ့ဇာတ်လိုက်လဲ့ချင်းယန်ကိုလက်ညှိုးပြလိုက်သည်။

ချင်းယွမ်မူ၏ခဲစားချက်ကင်းမဲ့နေတဲ့မျက်နှာသေကြီးမှာလဲ့ချင်းယန်ဆီသို့ကျရောက်သွားပြီးနောက်အမောင်လဲ့ချင်းယန်မှာတစ်ခြားသူတွေသတိမထားမိခင်မှာတင်ဖြတ်ကနဲပျောက်ကွယ်သွားသည်။ပြင်းထန်သည့်တိုက်ပွဲတွင်လူအသေအပျောက်များပြားလှသောကြောင့်လဲ့ချင်းယန်ပျောက်ဆုံးသွားသည်အားမည်သူကမှအလေးအနက်ထားဂရုစိုက်နေခြင်းမရှိခဲ့ပေ။

ထို့နောက်ချင်းယွမ်မူကရုတ်တရက်ကြီးပျောက်သွားသည့်ဇာတ်လိုက်ဖြစ်သူကြောင့်အူကြောင်ကြောင်ဖြစ်နေတဲ့ရှောင်ကျန့်ကိုသာသာယာယာပွေ့ချီလိုက်သည်။

ထို့နောက်ထိုနေရာမှပျောက်ကွယ်သွား၏။ပတ်ဝန်းကျင်၌သူတို့နှစ်ယောက်ရှိခဲ့သည့်သင်္ကေတလေးတစ်ခုတောင်ရှိမနေခဲ့ပါချေ။

တစ်ဖက်တွင်အဖေပျောက်ရှာပုံတော်ဖွင့်နေသူအမောင်လဲ့ချင်းယန်မှာသူ့အရှေ့ကမြင်ကွင်းတွေရုတ်တရက်ပြောင်းလဲသွားတာကြောင့်ကြောင်တောင်တောင်ဖြစ်နေသည်။

ဘေးပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်လိုက်တော့သွေးတွေနဲ့လူသေလောင်းတွေ၊တိုက်ပွဲအရှိန်အဟုန်တွေပြည့်နှက်နေသည့်ရတနာလုပွဲမဟုတ်တော့ပါပဲအေးချမ်းတိတ်ဆိတ်လှတဲ့တောတွင်းတစ်နေရာဖြစ်နေခဲ့၏။

အမ်.....ငါ့အဖေဘယ်မှာလဲ.....

"ဖေ့သားလေးရေ...."

system 091 Where stories live. Discover now