(2.2)

10.1K 936 12
                                    

Unicode

ရိမင်၏အတင်းအကြပ်တောင်းဆိုမှုကြောင့်ရှောင်ကျန့်ဟာထိုကလေး၏အခန်းထဲ၌နေဖို့ရန်အကြောင်းဖန်လာသည်။

ကျန့်နင်ကသီးသန့်အခန်းတစ်ခန်းရသည်။သူမကရှောင်ကျန့်ကိုမခွဲနိုင်ပေမယ့်ရိမားကတောင်းဆိုတာကြောင့်ငြိမ်နေလိုက်ရသည်။သူတို့အတွက်ကလေးအသုံးအဆောင်များမှာပြင်ဆင်ထားပြီးဖြစ်တာကြောင့်စိတ်ပူဖို့ရန်မလိုပေ။

ရှောင်ကျန့်မှာတော့ရိမင်လေး၏အလွန်အမင်းကျယ်ဝန်းလွန်းလှသည့်အခန်းကိုကြည့်ရင်းပါးစပ်အဟောင်းသားဖြစ်နေသည်။တစ်ခန်းလုံးအားအနက်ရောင်သုတ်ထားသည့်အပြင်မှောင်မိုက်နေသည့်လေထုမှာလုံးဝကလေးတစ်ယောက်၏အခန်းနှင့်မတူချေ။အခြားကလေးများကဲ့သို့အရုပ်တွေထားရှိထားခြင်းမရှိပဲစကိတ်တစ်ချို့နှင့်အဝတ်ထည့်သည့်ကြီးမားသောဗီရိုအပါအဝင်လိုအပ်သည့်ပရိဘောဂတွေသာထားရှိထားသည်။

အခန်းကြီးမှာကျယ်ဝန်းလွန်းတာကြောင့်စက်ဘီးတောင်ပတ်စီး၍ရသည်။

ဒါကို၅နှစ်အရွယ်ကလေးတစ်ယောက်ရဲ့အခန်းလို့ခေါ်ထိုက်သေးရဲ့လား......

ရှောင်ကျန့်မျက်ဝန်းထဲရှိအဓိပ္ပါယ်ကိုနားလည်သွားသည့်ရိမင်သည်သူ့ကိုယ်သူသာဆဲရေးလိုက်မိသည်။

ကြည့်ရတာသူ့ကိုကိုသဘောမကျဘူးထင်တယ်.....

"ကိုကို...."

"ဟမ်"

"ကိုကိုကျွန်တော့်အခန်းကိုသဘောမကျဘူးလားဟင်"

"အဲ့ဒီလိုတော့မဟုတ်ပါဘူး.....
ရိမင်ရဲ့အခန်းကိုကလေးဆန်ဆန်
မိုးပြာရောင်၊ဒါမှမဟုတ်.....
အဖြူရောင်ဆေးသုတ်လိုက်ရင်
ပိုပြီးကောင်းမယ်လို့တွေးလိုက်မိလို့ပါ"

ရှောင်ကျန့်ဟာသူ့ရဲ့သေးငယ်နူးညံ့တဲ့လက်လေးကိုမြှောက်ရင်းရိမင်ရဲ့အနက်ရောင်ဆံပင်လေးကိုပွတ်သပ်လိုက်သည်။

နူးညံ့လိုက်တာ.....

ရှောင်ကျန့်ဟာရိမင်ရဲ့ခေါင်းဖွာဖွာလေးကိုမပွတ်ရမနေနိုင်လောက်အောင်စွဲလမ်းလာသလိုခံစားရသည်။ဒီခံစားချက်ကအရမ်းကောင်းတာပဲ.....

system 091 Where stories live. Discover now