(2.11)

8.5K 837 44
                                    

Unicode

ရှောင်ကျန့်ဟာသိချင်စိတ်ဖြင့်ထိုနေရာသို့သွားရောက်ကာစပ်စုလိုက်သည်။

အနားရောက်သည်နှင့်မိန်းကလေးတစ်အုပ်၏တစ်စီစီဖြင့်တတွတ်တွတ်ပြောနေသံအားကြားလိုက်ရသည်။

"ေချာလိုက်တာ.....ေချာလိုက်တာ....
ငါသေတော့မယ်လို့တောင်ခံစား
နေရပြီ"

"ဟုတ်ပ....အရမ်းချောတာပဲ....
ကြည့်ရတာအထက်တန်းကျောင်းသား
ထင်တယ်နော်...."

"ဒါဆိုမောင်လေးအရွယ်ပေါ့...."

"သူ့ကြည့်ရတာအရမ်းအေးစက်တာပဲ"

"ဟေး....ဟေး....သူ့ကိုငါသိတယ်"

"ဟမ်.....သူကဘယ်သူလဲ"

"မင်းတို့ကအမြဲတမ်းအတန်းမှန်တာမဟုတ်ဘူး....ဒါကြောင့်လဲသူ့ကိုမသိတာမဆန်းပါဘူး"

"ပြောမှာသာပြောစမ်းပါ...."

"အဟမ်း....သူကငါတို့ပန်းရောင်လေးရဲ့ညီလေးလေ.....သူကအမြဲတမ်းလိုလိုကျောင်းကိုချောင်းပေါက်မတတ်လာတတ်တယ်"

"အိုမို....သူနဲ့ပန်းရောင်လေးတို့ကအမျိုးတော်တယ်လား...."

"ဟဲ့....ဟဲ့.....ဟိုမှာလာပြီ"

ရှောင်ကျန့်အံ့ဩသွားသည်။သူလှမ်းကြည့်လိုက်တော့အထက်တန်းကျောင်းသားယူနီဖောင်းဝတ်ဆင်ထားသည့်အရပ်မြင့်မြင့်ဖြင့်လူတစ်ယောက်ဟာသူတို့ရှိရာဆီသို့လှမ်းလာ​နေကြောင်းမြင်လိုက်ရသည်။

ထိုလူငယ်လေးမှာရိမင်ဖြစ်ပြီးအခုအချိန်၌အထက်တန်းနောက်ဆုံးနှစ်သို့ပင်ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ရိမင်၏ငယ်စဥ်ကပါးဖောင်းဖောင်းကြီးတွေမှာလုံးဝပျောက်ကွယ်သွားပြီးတိကျ​သေသပ်တဲ့မေးရိုးမြင့်မြင့်နှင့်အတူနှာတံဆင်းဆင်း၊လှပတဲ့လိုင်းဖြင့်ခပ်ရဲရဲနှုတ်ခမ်းပါးများဖြင့်အလွန်အမင်းကြည့်ကောင်းချောမောသည့်အပြင်နှိုင်းယှဥ်မရသည့်လှပမှုတစ်ချို့သည်လည်းကိန်းအောင်းနေခဲ့သည်။အရပ်မြင့်မြင့်ဖြင့်ဖြောင့်မတ်သည့်ကိုယ်ဟန်အနေအထားကြောင့်သွယ်လျသည့်ခြေတံရှည်ရှည်၊ပုခုံးကျယ်ကျယ်ခါးကျဥ်းကျဥ်းမှာကျောင်းဝတ်စုံအောက်၌ထင်းထွက်၍ထူးခြားပြင်းထန်သည့်ညှို့ငင်အားတစ်ခုကိုလည်းပိုင်ဆိုင်ထားသေးသည်။

system 091 Where stories live. Discover now