(4.9)

5.5K 696 15
                                    

Unicode

"ဟ.....ချင်ဖေးဖေး....မင်းတို့ကမိန်းကလေးအခန်းမှာမနေပဲငါတို့ယောက်ျားလေးတွေအခန်းထဲကိုဘာလာလုပ်တာလဲ"

ဆံပင်အနီရောင်ဖြင့်ဝေထန်စီကဆူပုတ်နေသည့်မျက်နှာဖြင့်မေးလာသည်။

"ဘာဖြစ်လဲ....ငါတို့လည်းပျင်းတတ်တာပဲလေ....နင်တို့အခန်းထဲခွင့်ပြုချက်ရှိမှလာရမှာလား"

ချင်ဖေးဖေးကခပ်တည်တည်ပင်သူတို့ယောက်ျားလေးဝိုင်းထဲဝင်ရောက်လာပြီးဝင်ထိုင်သည်။သူမအနောက်တွင်အခြားမိန်းကလေးအခန်းကဝေဝေ၊ယင်းမီနှင့်အခြားကျောင်းသူလေးယောက်မှာလိုက်ပါလာ၏။

ဤသို့ဖြင့်ယောက်ျားလေးခုနှစ်ယောက်နှင့်မိန်းကလေးခုနှစ်ယောက်အဖွဲ့မှာစုရုံးမိသွားရင်းပိုမိုစိတ်လှုပ်ရှားစရာကောင်းလာစေသည်။

"နင်တို့ဘာအကြောင်းပြောနေကြတာလဲ"

"သရဲ"

"ကြက်သီးထစရာကြီး"

မိန်းကလေးနှစ်ယောက်ဟာအချင်းချင်းပွေ့ဖက်ရင်းကြောက်လန့်ဟန်ဖြင့်ဆိုလာသည်။

ဂျိမ်း!!!!!

ကျယ်လောင်သည့်မိုးချိန်းသံကလူတိုင်းရဲ့ခြောက်ခြားမှုကိုပိုမိုပေါင်းထည့်ပေးလိုက်သလိုပင်ခံစားလိုက်ရသည်။

ယင်းမီကချင်းထန်နားတိုးကပ်လာရင်းလက်မောင်းကိုအတင်းအကြပ်ဆွဲဖက်လိုက်သည်။ချင်းထန်၏တောင့်တင်းသန်မာသည့်လက်မောင်းမှာယင်းမီ၏ရင်နှစ်မွှာကြားထဲရောက်နေတာကြောင့်ချင်းထန်အနေနဲ့အတော်လေးရှက်ကိုးရှက်ကန်းဖြစ်သွားသလိုနေရထိုင်ရခက်ခဲလာ၏။သူ့ကြည့်ရသည်မှာမိန်းကလေးဖြစ်သူထက်ပင်အရှက်သည်းပြီးမျက်နှာပူနေသေးသည်။

ဤသည်က,ရင်ခုန်ရင်းစိတ်လှုပ်ရှားနေတာကြောင့်မဟုတ်ပဲမိန်းကလေးတစ်ယောက်နဲ့ဒီလောက်ထိပူးပူးကပ်ကပ်နေခြင်းမှာမသင့်တော်ဟုခံစားမိတာကြောင့်ဖြစ်သည်။

"ဒီတစ်ခေါက်ဘယ်သူပြောမလဲ"

လူတိုင်းဟာတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းဘယ်သူစပြောမလဲဆိုသည်ကိုစောင့်ဆိုင်းနေသည်။

system 091 Where stories live. Discover now