(2.17)

7.8K 767 34
                                    

Unicode

'ငါတို့မိသားစုရဲ့ကျန့်ရင်လေး'ဆိုသည့်စကားအားကြားပြီးကတည်းကထိုသူမှာမည်သူဖြစ်မှန်းလူတိုင်းသိနိုင်သည်။

"ပိုင်လု....မင်းတို့နှစ်ယောက်မနေ့ညကအဆင်ပြေရဲ့လား"

ရှောင်ကျန့်၏စကားကြောင့်ပိုင်လုနှင့်ဝူရန်ကျင်းတို့၏ပြုံးရွှင်နေသည့်မျက်နှာတွေမှာချက်ချင်းမဲ့ရွဲ့သွားသည်။

ေမးရက်လိုက်တဲ့သူငယ်ချင်းကောင်းကြီးပါလား.....မင်းအရှေ့မှာတင်ဂုတ်ကနေဆွဲခေါ်ခံခဲ့ရတာကိုရောသတိရသေးရဲ့လားဟင်.....

ပိုင်လုနဲ့ဝူရန်ကျင်းတို့နှစ်ယောက်၏ရှုံ့မဲ့နေသည့်မျက်နှာအားကြည့်ရင်းရှောင်ကျန့်ရှက်ရှက်ဖြင့်ရယ်လိုက်သည်။

ရှောင်ကျန့်ပိုင်လုတို့နှစ်ယောက်နဲ့အတူစကားတပြောပြောဖြင့်ပင်အခန်းထဲသို့ဝင်လာခဲ့သည်။

"ကျန့်ရင်.....မင်းလည်ပင်းကဘာဖြစ်တာလဲ"

ရှောင်ကျန့်သူ့လည်ပင်း၌ကပ်ထားသည့်ပလာစတာအားခပ်ဖွဖွစမ်းလိုက်ရင်းမချိုပြုံးပြုံးလိုက်မိသည်။

"ဒီအတိုင်း....ခြင်ကိုက်ဖုပါကွာ....
မြင်မကောင်းလို့ကပ်ထားလိုက်တာ"

ရှောင်ကျန့်ကအကြောင်းပြချက်တစ်ခုပေး၍ထိုကိစ္စအားကျော်လိုက်သည်။သူ့လည်ပင်းမှာလူကိုက်ရာတစ်ခုရှိနေမှန်းသာသိကြရင်တစ်ကျောင်းလုံးဗြောင်းဆန်ကုန်လိမ့်မည်။

အခန်းထဲရှိထိုင်ခုံပေါ်သို့ထိုင်လိုက်သည်နှင့်မိန်းကလေးတစ်စု၏တွတ်စီတွတ်စီအသံတွေအားကြားလိုက်ရသည်။

"ဟဲ့....ဟဲ့...နင်တို့​တွေဒီနေ့မှကျောင်းပြောင်းလာတဲ့စီနီယာအကြောင်းသိပြီးကြပြီလား"

ဘာရယ်မဟုတ်....မိန်းကလေးတစ်ယောက်၏ထိုစကားအားကြားသည်နှင့်ရှောင်ကျန့်နားစွင့်မိလိုက်သည်။

"စီနီယာ????"

"အင်းလေ....တတိယနှစ်လို့ပြောသံကြားတယ်.....သူစီးလာတဲ့ကားကြီးကလေ....တကယ့်ကိုဈေးကြီးတဲ့ဇိမ်ခံကားကြီးဟ....သူကားပေါ်ကဆင်းဆင်းချင်းမှာပဲကျောင်းသူတစ်ယောက်ကဓာတ်ပုံခိုးရိုက်ပြီးကျောင်းဖိုရမ်ပေါ်တင်လိုက်တယ်လေ...."

system 091 Where stories live. Discover now