(1.5)

9.1K 841 2
                                    

Unicode

နောက်ဆုံးတွင် လေလံပွဲကျင်းပမည့် အချိန်ကိုရောက်ရှိလာသည်။ လေလံစင်မြင့်ထက်သို့အလွန်တရာလှပပြီး ဆွဲဆောင်အားပြင်းထန်သည့်မိန်းမပျိုလေးတစ်ဦးတတ်ရောက်လာ၏။

"ကြွရောက်လာကြသော ဂုဏ်သရေရှိလူကြီးမင်းများရှင့်.... မဟူရာလေလံအိမ်တော်ရဲ့(၅၂၄)ကြိမ်မြောက် လေလံပွဲကိုတတ်ရောက်လာကြတဲ့အပေါ် လွန်စွာဂုဏ်ယူမိပါတယ်....ကဲ....အခုလေလံပွဲကိုစကြရအောင်...."

မိန်းမပျိုလေးဟာ စကားကိုတိုတိုနှင့်လိုရင်းကိုသာပြောပြီး လေလံပွဲကိုစတင်ခဲ့လေသည်။ ထိုအခါလေလံစင်မြင့်ထက်သို့ ချောမောတဲ့ ယောက်ျားပျိုနှစ်ဦးဟာ ခုံတစ်ခုကိုသယ်ဆောင်လာပြီး ချထားခဲ့ပြီးနောက် ပြန်ထွက်သွားခဲ့သည်။

"ပထမဆုံးလေလံတင်မယ့်ပစ္စည်းကတော့ မှော်ဆေးလုံးတစ်ချို့ပဲဖြစ်ပါတယ်ရှင်....အားလုံးပဲ ကြားဖူးကြမယ်လို့ထင်ပါတယ်....ရှင်သန်ခြင်းဆေးလုံးက သေခါနီးလူတစ်ယောက် အသုံးပြုခဲ့ရင်ဒဏ်ရာဒဏ်ချက်အားလုံးကို အကောင်းတိုင်းပြန်ဖြစ်စေနိုင်ပြီး ခြေပြတ်လက်ပြတ်နေတဲ့လူတွေကိုတောင်ခြေလက်အသစ်တွေ ပြန်ထွက်စေနို​င်တယ်ဆိုတာလေ...."

စီစဉ်တင်ဆက်သူမိန်းမပျိုလေး၏ စကားက စင်အောက်ရှိကျင့်ကြံသူတွေကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပြီး သီးသန့်ခန်းတစ်ချို့တောင်စိတ်ဝင်စားလာကြသည်။

"လူကြီးမင်းတို့ထင်မှတ်ထားတဲ့အတိုင်းပါပဲ.....ပထမဆုံး လေလံတင်မယ့်မှော်ဆေးလုံးက ရှင်သန်ခြင်းဆေးလုံးပဲဖြစ်ပါတယ်....ဆေးလုံးသုံးလုံးပါရှိပြီး ပျမ်းမျှကြမ်းခင်းဈေးကတော့အလယ်အလတ်အဆင့်ဝိဉာဉ်ကျောက်တုံး သိန်းသုံးဆယ်ပါ....ဈေးစပေးလို့ရပါပြီ...."

"အလတ်အလတ်အဆင့်ဝိဉာဉ်ကျောက်တုံးသိန်းသုံးဆယ်...."

"သုံးဆယ့်သုံးသိန်း...."

"သိန်းလေးဆယ်...."

"လေးဆယ့်တစ်သိန်း...."

"လေးဆယ့်နှစ်သိန်း....."

"သိန်းငါးဆယ်ကွာ....."

မိန်းမပျိုလေးရဲ့ပြောကြားချက်အဆုံးမှာ အလုအယက် ဈေးပေးသံများ ပေါ်ပေါက်လာခဲ့သည်။ ပြောရရင်ရှင်သန်ခြင်းဆေးလုံးက အစွမ်းထက်သည်မှာ မှန်သော်လည်းပဲ ဘေးထွက်ဆိုးကျိုးကြီးကြီးမားမားတော့ရှိနေသည်။ ၎င်းက အသုံးပြုသူမှာသာမန်လူဖြစ်နေရင် ပေါက်ကွဲသေဆုံးနိုင်ပြီး ကျင့်ကြံသူအသုံးပြုခဲ့ရင် အမှန်တကယ်ပြန်လည်ရှင်သန်နိုင်ပေမယ့်လည်း သေလောက်တဲ့နာကျင်မှုနဲ့အတူ ကျင့်ကြံဆင့်တွေ အကုန်ဆုံးရှုံးရပေလိမ့်မည်။

system 091 Where stories live. Discover now