(6.2)

5.3K 616 40
                                    

Unicode

"သခင်လေး....မနက်ထချိန်ရောက်ပြီ"

ရှောင်ကျန့်ကအခန်းပြတင်းပေါက်ရှိလိုက်ကာအမဲကြီးတွေအားဖယ်ရှား၍ဆိုလာသည်။မူလမှောင်မဲနေသောအခန်းကျယ်ကြီးမှာနေရောင်ခြည်၏နွေးထွေးမှုနှင့်အတူကုတင်ကျယ်ကြီးထက်၌အိပ်မောကျနေသည့်ကလေးငယ်၏မျက်နှာနုနုထက်သို့ဖြာကျလာသည်။

vampireတွေကဟိုးအရင်ချိန်တွေတုန်းကညဘက်ဆိုအိပ်ရိုးထုံးစံမရှိပေမယ့်လူသားတွေနဲ့ရောနှောနေထိုင်ရန်လိုအပ်လာသည့်အခါမှာတော့ပုံမှန်အိပ်ချိန်ထချိန်ကိုပြောင်းလဲလိုက်ကြသည်။vampireတော်တော်များများကညဘက်အိပ်သည့်အကျင့်ကိုအလေ့အထလုပ်လာကြပြီးအထူးသဖြင့်vampireကလေးငယ်တွေကိုဖြစ်သည်။

သူတို့လေးတွေကသွေးဆင့်ကဲပြောင်းလဲမှုမတိုင်မီသာမန်လူသားကလေးတွေလိုအချိန်မှန်အိပ်ဖို့စားဖို့ရန်လိုအပ်သည်။

vampireတွေကသွေးကလွဲရင်သာမန်လူသားတွေရဲ့အစားအသောက်ကိုအရသာမခံနိုင်ကြပေ။ဒါပေမယ့်vampireကလေးငယ်တွေကတော့သွေးဆင့်ကဲပြောင်းလဲမှုမတိုင်မီအချိန်ထိအသေအချာအရသာခံပြီးစားနိုင်သောက်နိုင်ကြသည်။

သွေးဆင့်ကဲပြောင်းလဲခြင်းဆိုသည်မှာပုံမှန်vampireမိသားစုကနေပေါက်ဖွားလာတဲ့ကလေးငယ်လေးတွေနှင့်၊အကိုက်ခံရခြင်းကနေvampireအဖြစ်သို့ပြောင်းလဲသွားသည့်လူသားတွေအတွင်ပင်။

ထိုသူတို့အစစ်အမှန်vampireတစ်ကောင်အဖြစ်သို့ပြောင်းလဲရန်အတွက်ကြုံတွေ့ခံစားရမည့်စမ်းသပ်မှုတစ်ခုသာဖြစ်သည်။

ပထမဦးဆုံးအနေဖြင့်ရှောင်ကျန့်ဟာသွေးနှောဖြစ်ရခြင်းအပေါ်အတော်လေးကျေနပ်သွားမိသည်။အကြောင်းကသွေးနှောတစ်ယောက်ဖြစ်ရခြင်း၏ကောင်းကျိုးအနေနဲ့အစားအသောက်တွေကိုစိတ်ကြိုက်အရသာခံစားသောက်နိုင်၍သာဖြစ်သည်။

ဟေးလစ်ခ်လေးဟာသူ့မျက်နှာနုနုထက်သို့ကျဆင်းလာသည့်နေရောင်ခြည်အားလက်သေးသေးလေးတွေဖြင့်ကာ၍အိပ်ယာထက်မှထထိုင်လိုက်သည်။အိပ်ယာမှနိုးခါစဖြစ်တာကြောင့်သူ့ရဲ့ငွေဖြူရောင်ခေါင်းလုံးလုံးလေးမှာအနည်းငယ်ထိုးထိုးထောင်ထောင်ဖြစ်နေသည်။ကလေးငယ်၏သွေးနီရောင်မျက်ဝန်းတစ်စုံမှာလည်းအိပ်ချင်မူးတူးဖြစ်နေ၍အနည်းငယ်ရီဝေနေ၏။

system 091 Where stories live. Discover now