(5.21)

5.4K 568 94
                                    

Unicode

ကျောင်းပေါင်းစုံသိုင်းပြိုင်ပွဲအားမရေမတွက်နိုင်အောင်ကျယ်ဝန်းသည့်ကွင်းပြင်ကြီးရှိတိုက်ပွဲကွင်းထက်တွင်ကျင်းပမည်ဖြစ်သည်။

ကျောင်းသားတိုင်းဟာလာမည့်တိုက်ပွဲကိုစိတ်လှုပ်ရှားပျော်ရွှင်စွာစောင့်ဆိုင်းနေခဲ့ကြတာဖြစ်သည်။

"အဖေ.....ကျွန်တော်တကယ်ပဲပြိုင်ပွဲမှာဝင်ပါရမှာလား....."

ရှောင်ကျန့်ကလဲ့ချင်းယန်၏စကားကိုမျက်လွှာလေးပင့်ကြည့်လိုက်ရင်းခပ်ပြုံးပြုံးဖြင့်ပြန်ဆိုလိုက်သည်။

"ဘာလဲ.....ကိုယ့်ကိုယ်ကိုယုံကြည်ချက်မရှိလို့လား....."

"မဟုတ်ပါဘူး.....ကျွန်တော်သာဝင်ပြိုင်ရင်တစ်ခြားပြိုင်ပွဲဝင်တွေအတွက်မတရားရာကျမှာပေါ့....ကျွန်တော်ကအားနည်းတဲ့သူတွေကိုအနိုင်မကျင့်ချင်ပါဘူးအဖေရာ....."

လဲ့ချင်းယန်ကလက်လေးတစ်ယမ်းယမ်းဖြင့်ဂရုဏာရှင်ကြီးဟန်ပန်ဖြင့်ပြောသည်။

"....."

ရှောင်ကျန့်မှာကိုယ့်သားကိုယ်စွမြင်ကပ်လာသလိုခံစားမိလာ၍မျက်ဆန်တောင်လှန်လိုက်မိသည်။ဘာရယ်မဟုတ်ရှောင်ကျန့်ဟာလဲ့ချင်းယန်လက်ထဲတွင်ကျစ်ကျစ်ပါအောင်ကိုင်ထားသည့်တံမြတ်စည်းဆီသို့အကြည့်ရောက်သွားသည်။

ရှောင်ကျန့် : "....."

ရှောင်ကျန့်မှာဘာပြောရမှန်းမသိအောင်ဆွံ့အသွား၏။ကြည့်ရတာပြိုင်ပွဲကွင်းပြင်ကိုပါတံမြတ်စည်းလှည်းပေးမည့်ဟန်ပန်ရှိသည်။

ရှောင်ကျန့်ကတံမြတ်စည်းဘာကြောင့်ယူလာလဲဟုမေးမည်ပြင်လိုက်ချိန်တွင်ကျောင်းတော်ကြီးသုံးခုမှာတစ်ပြိုင်ထဲလိုလိုရောက်ရှိလာတာကြောင့်ရှောင်ကျန့်ရဲ့အာရုံမှာတစ်ဖက်ကျောင်းတော်ကြီးတွေဆီသို့ကျရောက်သွားသည်။

ကြီးမြတ်သောရွှမ်ကုန်းမြေတိုက်ကြီး၏ထိပ်ဆုံးကျောင်းတော်ကြီးမှာလေးခုရှိသည်။

ပထမဆုံးရောက်ရှိလာသည်မှာ'ပြန့်ကျဲနေသောတိမ်' ကျောင်းတော်ကြီးဖြစ်ပြီးဧရာမရွှေရောင်သစ်ရွက်လှေအားစီးနှင်းလာကြသည်။ပြီးနောက်'သိမ်မွေ့သောနှင်းပွင့်' ကျောင်းတော်ကြီးလည်းရောက်ရှိလာကြသည်။သူတို့ကတော့ခုနှစ်ရောင်ခြယ်ကြာပွင့်ကြီးတစ်ခုပေါ်၌စီးနှင်းလိုက်ပါလာကြ၏။

system 091 Where stories live. Discover now