(5.23)

5.7K 613 21
                                    

Unicode

ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်နေသည်။နတ်ဘုရားကဲ့သို့အမွှာနှစ်ယောက်၏အရှိန်အဝါကကျောင်းတော်ကြီးတစ်ခုလုံးကိုဖုံးအုပ်ထားသည်။

အမွှာနှစ်ယောက်ကိုသိခဲ့ဖူးကြသည့်ကျောင်းတော်သားတစ်ချို့ဆိုရင်ထိတ်လန့်အံ့အားသင့်မှုကြောင့်ယခုချိန်ထိသတိပင်မဝင်နိုင်ကြသေးပေ။

လူတိုင်းဟာအမွှာနှစ်ယောက်၏နတ်ဘုရားတွေကိုတောင်မနာလိုလွန်းလို့ရူးသွပ်သွားစေနိုင်သည့်ရုပ်ရည်ကြောင့်အသိစိတ်တောင်လွတ်ချင်ချင်ဖြစ်လာ၏။အထူးသဖြင့်ယခင်'ဖူဖူ'ဆိုင်လေး၏ဖောက်သည်ဈေးဝယ်သူများမှာလန့်ဖြန့်သွားတာကြောင့်ဒီနေရာမှာတင်ဝက်ရူးပဲပြန်ချင်သလိုလိုဖြစ်လာကြသည်။

ဒီလိုဆရာကြီးနှစ်ယောက်ကဆိုင်ပိုင်ရှင်ကိုဖားယားပြီးကျေကျေနပ်နပ်ကြီးပြုစုပေးနေကြမယ်လို့ဘယ်သူကရောထင်မိမှာလဲ။

အမွှာနှစ်ယောက်၏မြင့်မြတ်ကြီးကျယ်ခမ်းနားသည့်အရှိန်အဝါနှင့်ဖိအားတွေဟာကောင်းကင်ထက်၌ထူးခြားဆန်းကျယ်သောအက်ကွဲကြောင်းအမျိုးမျိုးကိုဖြစ်ပေါ်စေခဲ့သည်။ကောင်းကင်ထက်ရှိခါးကုန်းကုန်းအဘိုးအိုအပါအဝင်အနက်ရောင်ဝတ်လူသုံးဦးမှာ၎င်းအရှိန်အဝါကိုလုံးဝတောင့်ခံနိုင်ခြင်းမရှိသလိုမျိုးတဖြည်းဖြည်းအက်ကွဲလာသည်။

အသားတွေအက်ကွဲလာသည်နှင့်အမျှတစ်ကိုယ်လုံးသွေးတွေမြင်မကောင်းအောင်ကျဆင်းလာသည်။

"အား!!!!!"

ထို့နောက်ခံနိုင်ရည်လုံးဝမရှိတော့သည့်အနက်ရောင်ဝတ်လူသုံးဦးဟာဖိအားအောက်တွင်သွေးမှုန်အဖြစ်လုံးဝပေါက်ကွဲထွက်သွားကြသည်။

"....."

ပတ်ဝန်းကျင်တစ်ခုလုံးအပ်ကျသံပင်ကြားနိုင်လောက်သည့်အထိတိတ်ဆိတ်သွားကြပြီးအကုန်လုံး၏မျက်လုံးတွေနှင့်ပါးစပ်တွေမှာဆင်တစ်ကောင်လုံးဝင်နေလို့ရသည်အထိပြူးကျယ်သွားကြသည်။

ဒီလူသုံးယောက်လုံးကကြီးမြတ်သောကောင်းပင်နတ်ဘုရားအဆင့်မှကျင့်ကြံသူတွေဖြစ်ကြပြီးတစ်နည်းအားဖြင့်ဟူယွဲ့ကိုတောင်ဖိအားပေးတိုက်ခိုက်နိုင်ခဲ့သေးသည်။ဒါပေမယ့်အမွှာနှစ်ယောက်နှင့်ကျတော့ဘာမှမလှုပ်ရှားလိုက်ရပါပဲအရှိန်အဝါနှင့်တင်ပေါက်ကွဲသေဆုံးသွားကြသည်။

system 091 Where stories live. Discover now