(5.8)

6.2K 724 42
                                    

Unicode

ကျင့်ကြံခြင်းအဆင့်

စုဆောင်းခြင်းအဆင့် - 1 to 10

မော်တယ်အဆင့် - 1 to 10

အင်မော်တယ်အဆင့် - 1 to 10

နတ်ဘုရားအဆင့် - 1 to 10

သူတော်စင်အဆင့် - 1 to 10

ကြီးမြတ်သူအဆင့် - 1 to 10

ကြီးမြတ်သောကောင်းကင်နတ်ဘုရားအဆင့် - 1 to 10

*******************
********

ပတ်ဝန်းကျင်တစ်ခုလုံးမှာတိတ်ဆိတ်ငြိမ်သက်သွားပြီးအကုန်လုံးကဘာမှနားမလည်ဟန်ရသည့်လဲ့ချင်းယန်ကိုသာစိုက်ကြည့်နေမိကြသည်။

ဒီအရူးဘယ်ကရောက်လာတာလဲ.....

ရှောင်ကျန့်မှာသူ့မျက်နှာကိုအုပ်ကိုင်လိုက်မိသည်။မထင်မှတ်ထားအောင်သူ့သားကငတုံးတစ်ယောက်ပဲ....

မင်းရဲ့ဖြူစင်တဲ့အကြည့်တွေကိုတစ်ချက်လောက်ပြင်လိုက်လို့ရမလား....

တစ်ဖက်တွင်ပုယွင်းချောင်ဟာလဲ့ချင်းယန်၏စကားကြောင့်လမ်းလျှောက်နေရာကနေကကြက်သေသေပြီးရပ်တန့်မိသွားသည်။

သူကသူ့ဘဝတစ်လျောက်လုံးတွင်ပါရမီရှင်ဟူသောဝေါဟာရဖြင့်သာကြီးပြင်းလာခဲ့တာဖြစ်သည်။အသက်၂၅လောက်နဲ့အင်မော်တယ်အဆင့်၅ဆိုသည်မှာလူတိုင်းပင့်သက်ရှိုက်အံ့ဩဖို့ရန်လုံလောက်နေပြီဖြစ်သည်။

ဒါပေမယ့်ခုနကစကားသံမှာသူ့ရဲ့မာနအားလုံးကိုရိုက်ချိုးပြစ်လိုက်သည်။

သူ့ထက်အသက်၈နှစ်လောက်ငယ်တဲ့ကောင်လေးတစ်ယောက်ကနတ်ဘုရားအဆင့်၄ကျင့်ကြံဆင့်ကိုပိုင်ဆိုင်ထားတယ်တဲ့.....

ဘယ်လိုလူကများဒီစကားကိုယုံကြည်ကြမှာတဲ့လဲ....

ဒါကပါရမီရှင်လို့တောင်ခေါ်မရတော့ဘူး.....ဘယ်လိုပါရမီရှင်တွေကများအသက်၁၇နှစ်တည်းနဲ့နတ်ဘုရားအဆင့်ကျင့်ကြံမှုများပိုင်ဆိုင်နိုင်လို့လဲ.....တကယ်ရှိရင်မကောင်းဆိုးဝါးပဲနေမှာ.....

ပုယွင်းချောင်ကအနောက်ဘက်သို့ပြန်လှည့်လာပြီးရှုံ့တွနေတဲ့မျက်နှာကြီးနဲ့လဲ့ချင်းယန်ကိုစိုက်ကြည့်လာသည်။

system 091 Where stories live. Discover now