(2.8)

8.2K 830 9
                                    

Unicode

ရှောင်ကျန့်၏သေးငယ်ဖြူဖွေးသောအနုပညာလက်ရာမြောက်ခြေထောက်သေးသေးလေးမှာလျှင်မြန်စွာမြောက်တတ်သွားခဲ့ပြီးတစ်ဖက်လူ၏ခွကြားထဲသို့ထိုသူရဲ့လက်ထက်ပင်လျှင်သည့်အရှိန်နှုန်းဖြင့်အားကုန်ကန်ချလိုက်သည်။

ရှောင်ကျန့်မှာလျှင်လွန်းတာကြောင့်ထိုလူမှာတုန့်ပြန်ချိန်မရလိုက်ပဲချက်ချင်းသူ့ခွကြားကိုကိုင်ကာအသံနက်ကြီးဖြင့်ခပ်အုပ်အုပ်အော်သံထွက်ပေါ်လာသည်။

ရှောင်ကျန့်နားထဲတွင်ဥကွဲသံအားကြားလိုက်ရသလိုတောင်ခံစားရသည်။ရှောင်ကျန့်ကလူသာသေးပေမယ့်အားကတော့အတော်လေးကြီးသည်ဟုဆိုရမည်။

sorry bro......
ယောက်ျားချင်းစာနာပေမယ့်သက်ညှှာမယ်လို့ဆိုလိုတာတော့မဟုတ်ဘူး.....

ရှောင်ကျန့်အနေနဲ့အခန်းရှေ့ကလူတွေအသံကြားပြီးဝင်လာမည်အားစိုးရိမ်သည်။သူလူအများကြီးကိုမနိုင်ရင်တောင်မှလူကြီးတစ်ယောက်ကိုတော့ထိန်းနိုင်လောက်ပါသေးသည်။

ရှောင်ကျန့်ဟာသူ့ခွကြားသူကိုင်ရင်းအမြုပ်တစ်စီစီထွက်နေသည့်လူထွားကြီးအားဂုတ်မှဆွဲကိုင်၍ကြမ်းပြင်ပေါ်သို့ကိုင်ပေါက်လိုက်သည်။

ထိုမျှနှင့်တင်မပြီးသေးပဲရှောင်ကျန့်ဟာထိုလူ၏ဝမ်းဗိုက်အားတတ်နင်း၍ခေါင်းမှကိုင်ကာကြမ်းပြင်၌အကြိမ်ရေတစ်ချို့ဆောင့်ချလိုက်သည်။ကြမ်းပြင်ထက်၌သွေးတစ်ချို့ပျံ့နှံ့နေပြီးထိုလူ၏ခေါင်းမှာလည်းသွေးတွေဖြင့်ပေပွလျက်သတိလစ်သွားသည်။

ကံကောင်းစွာဖြင့်အလစ်အငိုက်တိုက်ခိုက်မှုမှာအောင်မြင်သွားခဲ့သည်။ထိုလူမှာနာကျင်မှုကြောင့်ဘာမှမတုံ့ပြန်နိုင်ခြင်းကြောင့်သာလျှင်မြန်စွာတိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်သည်။အမှန်တကယ်တွင်ထိုလူကရှောင်ကျန့်အားအထင်သေးခဲ့ခြင်းကြောင့်လည်းပါသည်။

ရှောင်ကျန့်၏ရင်ဘတ်လေးမှာနိမ့်ချည်မြင့်ချည်ဖြစ်နေပြီးပုံမှန်ထက်ပိုမိုမောပန်းနေခဲ့သည်။ထိုလူထွားကြီး၏ခန္ဓာကိုယ်အားသူ့ခန္ဓာကိုယ်လေးဖြင့်ကိုင်ပေါက်ရသည်မှာတကယ်ကိုမလွယ်ကူပေ။အတော်လေးလှုပ်ရှားလိုက်ရတာကြောင့်ရှောင်ကျန့်၏ရင်ဘတ်ထဲရှိနှလုံးမှာပုံမှန်ထက်နှစ်ဆလောက်မြန်နေခဲ့သည်။

system 091 Where stories live. Discover now