Arc(6)

8K 586 53
                                    

Unicode

ရှောင်ကျန့်ဟာရွှမ်ကုန်းမြေတိုက်ကြီးနှင့်အဆုံးမဲ့သမုဒ္ဒရာအတွင်းအမွှာနှစ်ယောက်နဲ့အတူလှည့်လည်သွားလာနေရင်းနှစ်ပေါင်းများစွာကြာလွန်ပြီးနောက်ဗြုန်းစားကြီးအမှန်တရားတစ်ခုအားသိရှိလိုက်ရလေသည်။

ကြောက်မက်ဖွယ်ရာအမှန်တရားမှာရှောင်ကျန့်ရဲ့ရင်ဝကိုဗြုန်းကနဲဆောင့်ကန်ချလိုက်၏။

ဇာတ်လိုက်က..ကွေး..သွား..တယ်.......

တကယ်ကြီးသူ့ရဲ့သံမဏိပေတံလိုဖြောင့်နေတဲ့မွေးစားသားလေးကဂျယ်လီပေတံလိုအသွင်ပြောင်းလဲသွားပြီးယောက်ျားတစ်ယောက်နှင့်ချစ်ကြိုက်သွားခဲ့သည်။

ဇာတ်လိုက်မတွေတင်ကွေးတာအားမရလို့ဇာတ်လိုက်ကိုပါပေးကွေးလိုက်တာလားလို့မေးလိုက်ချင်သည်။ကံဆိုးတာကဘယ်သူ့ကိုမေးလို့မေးရမှန်းမသိတာပင်။

ပြီးတော့သူ့သားနဲ့ကြိုက်တာကလည်းတစ်ခြားမဟုတ်ပဲအမြဲတမ်းအ​သေသတ်၊ရန်ဖြစ်နေတတ်သည့်လုံဖုချန်နှင့်ဖြစ်သည်။

လုံ....ဖု....ချန်.....နဲ့တဲ့လေ.....

မူလဇာတ်ကြောင်းမှာအချင်းချင်းသတ်ဖြတ်နေရမည့်ဇာတ်ကောင်နှစ်ကောင်ကပျော်ရွှင်ကြည်နူးဖွယ်ကောင်းသည့်အဆုံးသတ်လေးဖြင့်ချစ်ကြိုက်သွားကြလေသည်။

ချီးကိုချစ်!!!!fuck!!!

အခုဆိုရင်သူတို့ရဲ့တော်စပ်ပုံကိုဘယ်လိုခွဲခြားရမှန်းတောင်မသိတော့ချေ။နောင်တစ်ချိန်ကျရင်နောင်လာနောက်သားကျင့်ကြံသူငယ်လေးတွေကိုကျင့်ကြံသူအိုကြီးတွေကဒီလိုရှင်းပြကြပေလိမ့်မည်။

"ရေသူဘုရင်နဲ့အဘိုးတို့ရွှမ်ကုန်းမြေကြီးရဲ့ဘုရင်တို့ရဲ့တော်စပ်ပုံတော်စပ်နည်းကထူးဆန်းတယ်ကွဲ့.....ရေသူဘုရင်ကကုန်းမြေဘုရင်ရဲ့အဖေဖြစ်ပြီးတော့ရေသူဘုရင်ရဲ့အစ်ကိုကကုန်းမြေဘုရင်ရဲ့​ဇနီးလေ..."

ရှောင်ကျန့် : "....."

ဒီတော့.....ဘယ်လိုရှင်းပြကြမလဲ.....

သားဖြစ်သူကသူ့အဖေရဲ့အစ်ကို၊တစ်နည်းအားဖြင့်သူ့ဦးလေးနဲ့လင်မယားတွေဖြစ်သွားကြသည်။

system 091 Where stories live. Discover now