(1.25) [Return]

3.8K 478 24
                                    

Unicode

'ဥ' ကနေအကောင်ပေါက်လာသည့် နတ်သားရဲကောင်ချောလေး၏ နာမည်က ပိုင်ရှန်းဟုခေါ်သည်။ ထိုနာမည်ကိုသူကိုယ်တိုင်ပေးအပ်ထားတာဖြစ်ပြီး ဂရုမစိုက်တတ်သည့် ဝမ်ရိပေါ်က 'ဥ' တစ်လုံးတည်းသာ ခေါ်တတ်တာကြောင့် ကိုယ့်ကိုယ်ကို နာမည်ပေးပြီး အရှက်တကွဲအကျိုးနည်းမဖြစ်ခင် ကာမိလိုက်နိုင်၍ပင်ကျေးဇူးတင်ရမလိုဖြစ်နေလေသည်။ ကံကောင်းစွာဖြင့် ပိုင်ရှန်းဆိုသည့်နာမည်ကို ဝမ်ရိပေါ်က ဂရုမစိုက်ပေမယ့် 'ဥ' ဟူ၍ဆက်လက်မခေါ်ဆိုတော့ပေ။

ပိုင်ရှန်းက ရှောင်ကျန့်တို့နှစ်ဦးကို သီးသန့်ခန်းတစ်ခန်းဆီဦးတည်ခေါ်ဆောင်လာခဲ့သည်။ သူက ရှောင်ကျန့်ကိုကြည့်ပြီး အရေးကြီးလျှို့ဝှက်ချက်ကို ပြောထုတ်လို့အဆင်ပြေမပြေအကဲခတ်လိုက်သေးသည်။

"မင်းပြောလို့ရတယ်"

ဝမ်ရိပေါ်က ခန့်မှန်းလို့မရသည့်မျက်နှာဖြင့် ပိုင်ရှန်းကို မေးငေါ့ပြလိုက်သည်။ ဝမ်ရိပေါ်ဘာတွေးနေလဲဆိုတာကိုတော့သူကိုယ်တိုင်သာသိပေလိမ့်မည်။

"အရှင်....အရှင်လိုချင်နေတဲ့ ရတနာက ကျွန်တော်တော်သေသေချာချာစုံစမ်းချက်အရဆိုရင် မြို့တော်ဝန်ရဲ့ လက်ထဲမှာရှိနေတယ်လို့ သိလိုက်ရတယ်...."

မြို့တော်ဝန်၏ ကျင့်ကြံဆင့်အတိအကျကိုမည်သူမှမသိကြချေ။ ဒါက ပိုင်ရှန်းအတွက်ကြီးမားသောအခက်အခဲကြီးတစ်ခုဖြစ်ပြီး သူသာ တစ်ခုခုမှားယွင်းလုပ်ဆောင်မိရင် အရှင်နတ်ဘုရားသားရဲအား အသက်သွင်းရာတွင် တစ်စုံတစ်ခုမှားယွင်းသွားမည်ကိုစိုးရိမ်ရ၏။

"ကျွန်တော် မြို့တော်ဝန်အိမ်တော်ကို ခိုးဝင်ကြည့်ပေမယ့် အိမ်ပတ်လည်ချမှတ်ထားတဲ့ အစီအရင်က အရမ်းစွမ်းအားကြီးလွန်းနေတယ်....ကျွန်တော် အနားကပ်လို့တောင်မရဘူး"

ဝမ်ရိပေါ်က မျက်နှာသေဖြင့်ခေါင်းငြှိမ့်လိုက်သည်။

"အင်း....အလျင်လိုစရာမလိုပါဘူး"

"....."

ပိုင်ရှန်း၏မျက်လုံးတွေက ချက်ချင်းမယုံကြည်နိုင်လောက်စရာတစ်စုံတစ်ခုကိုကြားလိုက်ရသလိုမျိုးပြူးကျယ်သွားသည်။

system 091 Where stories live. Discover now