(1.12)

8.1K 862 7
                                    

Unicode

"ရိ...ရိပေါ်..."

"အင်း"

ဝမ်ရိပေါ်ဟာရှောင်ကျန့်ကိုတင်းနေအောင်ပွေ့ဖက်ထားရင်းပြန်ဖြေသည်။

"မရသေးဘူးလားဟင်"

"ခဏလောက်ပဲ"

ရှောင်ကျန့်ပြန်ငြိမ်သွားရင်းသူ့စိတ်ထဲ၌စကားတစ်ခွန်းကိုသာအကြိမ်ကြိမ်ရေရွတ်နေလိုက်သည်။

'ဒါကသူငယ်ချင်းအချင်းချင်းကူညီတာပဲ.....ဟုတ်တယ်....ရိပေါ်ကို ငါကပြန်ကူညီပေးနေတာသက်သက်ပဲ....လျှောက်တွေးမနေနဲ့....'

ရှောင်ကျန့်ဟာသူ့ခေါင်းထဲရောက်ရောက်လာတဲ့မဟုတ်တရုတ်အတွေးတွေကြောင့်ကိုယ့်ပါးကိုယ်တောင်ခပ်ပြင်းပြင်းရိုက်ချင်မိသွားသည်။ကံကောင်းစွာဖြင့်ရိပေါ်၏ပွေ့ဖက်ထားခြင်းကြောင့်ကိုယ့်မျက်နှာကိုယ်ဖြတ်ရိုက်သည့်ရူးကြောင်ကြောင်အလုပ်မျိုးကိုမပြုလုပ်နိုင်ခဲ့ပေ။

ခဏမျှကြာအောင်ဖက်ထားပြီးနောက်ရိပေါ်သည်ရှောင်ကျန့်၏ဆံနွယ်အားမသိမသာခိုးနမ်း၍လွှတ်ပေးလိုက်သည်။ရိပေါ်မှာလိုချင်တာရသွားတဲ့မျက်နှာကြီးဖြင့်နေမင်းကဲ့သို့တောက်ပစွာပြုံးဖြီးနေလေသည်။

"မင်းသက်သာသွားပြီလား"

ရိပေါ်ဟာသူပြောသမျှယုံတဲ့မြေခွေးငတုံးလေးကိုကြည့်ရင်းသူ့မျက်နှာရှိအပြုံးမှာပိုမိုကြီးမားလာသည်။ ရှောင်ကျန့်ခမျာ သူ့မျက်လုံးကန်းနေပြီလို့တောင်ထင်လိုက်မိသည်။သူရိပေါ်နှင့်တွေ့ကာစတုန်းကတစ်လောကလုံးသူ့လုပ်စာထိုင်စားနေသလိုတီတင်းနေသည့်မျက်နှာကိုသတိရမိသွားသည်။

အခုလိုအချိန်တိုင်းပြုံးဖြီးနေသည့်မျက်နှာနှင်​ြလုံးဝနှိုင်းယှ​​ဥ်လို့မရပေ။လူစားလဲထားသလိုကိုကွဲပြားလွန်းလှသည်။

"အင်း....ကိုယ်အဆင်ပြေသွားပြီ....သွားရအောင်"

ရိပေါ်ဟာမျက်နှာပိုးသတ်ရင်းပြောလိုက်သည်။ထိုအခါမှရှောင်ကျန့်မှာသက်ပြင်းချနိုင်ပြီးဝမ်ရိပေါ်နှင့်အတူရှေ့သို့ခရီးဆက်ခဲ့ကြသည်။

သိပ်ကြာကြာမသွားလိုက်ရပါပဲ သူတို့လိုချင်သည့်နေရာသို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာခဲ့သည်။ သို့ပေမယ့် ဦးတည်ရာကိုရောက်သည်နှင့်တစ်စုံတစ်ခုလွဲမှားနေမှန်းသတိထားမိသွားသည်။

system 091 Όπου ζουν οι ιστορίες. Ανακάλυψε τώρα