(7.9)

5.1K 596 35
                                    

Unicode

"အရှင်ဧကရာဇ်က ဧကရီနဲ့အတူ တော်ဝင်ဥယျာဥ်ထဲမှာရှိနေပါတယ်"

"အင်း....ငါသိပြီ...."

ဝမ်နဥ်းက အစောင့်ကိုခေါင်းငြှိမ့်ပြလိုက်ရင်း ဥယျာဥ်ထဲဝင်လာခဲ့သည်။ သူသံတမန်အဖြစ် တိုင်းပြည်တစ်ခုကိုသွားရောက်နေစဥ်အတောအတွင်း အစ်ကိုတော်ဖြစ်သူမှာ ရှောင်းအမတ်ကြီး၏သမီးကို ဧကရီအဖြစ်တင်မြှောက်မည်ဟု ကြားလိုက်ရသည်။သူဘယ်လောက်ထိလန့်ဖြန့်သွားလည်းဆိုရင်ပြောမပြတတ်အောင်ပင်။

သူ့အစ်ကိုလိုရေခဲတုန်းကြီးက မိန်းကလေးတစ်ယောက်ကိုချစ်ကြိုက်တတ်သည့်နှလုံးသားရှိသေးတာလားဟု သူမေးခွန်းထုတ်မိပြန်သည်။

မရီးဖြစ်သူကိုတစ်ခါမှမမြင်ဖူးသော်လည်းပဲ အရမ်းကြီးမဆိုးရွားလောက်ဘူးလို့တော့ မျှော်လင့်ရသည်။ဒါကြောင့်လည်း ဧကရီတင်မြှောက်ပွဲမတိုင်မီ တော်ဝင်မြို့တော်ကိုအမြန်ပြန်ပြေးလာခဲ့ရသည်မဟုတ်ပါလား။

အရေးထဲ သူ့ကိုစောင့်ရှောက်ဖို့ အတူတကွလိုက်ပါလာတဲ့ စစ်သူကြီးဖင်းမှာ ဘယ်ကနေဘယ်လိုအချစ်နာကျနေမှန်းမသိတော့ပေ။ကွမ်ကျိုးမှာတစ်ညအိပ်ပြီးတည်းက တစ်မှိုင်မှိုင်တစ်ထွေထွေဖြင့် မည်သူ့ကိုစဥ်းစားလို့စဥ်းစားနေမှန်းလည်းမသိရချေ။

ကြာတော့ဝမ်နဥ်းခမျာ လက်ဖဝါးတွေယားတတ်လာပြီးနရင်းတွေချည်းပိတ်ပိတ်အုပ်ပြစ်ချင်လာသည်အထိကို ဒေါသထွက်လာပါသော်လည်း ဟိုကတိုက်ရေးခိုက်ရေးအပြည့်ဖြင့်စစ်သူကြီးတစ်ဦးဖြစ်နေလေသည်။

ဝမ်နဥ်းဟာသက်ပြင်းအရှည်ကြီးချမိလိုက်သည်။ အစ်ကိုတော်ဧကရာဇ်ကို တိုင်းပြည်ရေးကိစ္စတစ်ချို့လျှောက်တင်ရမည့်အပြင် အသစ်စက်စက်မရီးဖြစ်သူကိုပါအကဲခတ်ကြည့်ဖို့ရန်စဥ်းစားလိုက်မိသည်။

အပျိုတော်မိန်းကလေးတစ်ဦး၏အကူအညီနှင့်အတူ တော်ဝင်ဥယျာဥ်၏စင်္ကြံလမ်းအတိုင်းလျှောက်လာရင်း တစ်နေရာအရောက်တွင်သူ့ခြေလှမ်းတွေမှာတုံ့နှေးသွားသည်။

ဒါကမိန်းကလေးတစ်ယောက်ဖြစ်သည်။ရှင်းရှင်းပြောရရင် ဥယျာဥ်အလည်ရှိ ကြာကန်ဘေးက အဆောက်အဦးအသေးလေးအောက်တွင် ထိုင်နေသည့် မိန်းကလေးတစ်ယောက်ပင်ဖြစ်သည်။

system 091 Where stories live. Discover now