Arc(7)

7K 614 36
                                    

Unicode

[ကျွန်တော့်ရဲ့ချစ်လှစွာသောhostရေ....ပြန်လာတာကြိုဆိုပါတယ်....လင်ဖြစ်သူနဲ့ချစ်ကြည်နူးတတစ်တူးရတာသိပ်ကိုမှစိတ်ကျေနပ်ခဲ့ရဲ့လား....]

ရှောင်ကျန့် : "....."

[အမည် - ရှောင်ကျန့်

အသက် - ၂၂နှစ်

လိင် - ယောက်ျား

ပြီးမြောက်သည့်mission - 60%

ပြီးမြောက်သည့်ကမ္ဘာ - 6

points - 55700

တတ်မြောက်သည့်ပညာရပ် - စာရေးခြင်း၊အတိုက်အခိုက်၊အချက်အပြုတ်၊သရုပ်ဆောင်ခြင်း၊hacker၊တောက်ပညာရပ်၊ဒီဇိုင်နာ၊ဆေးပညာရပ်၊သီဆိုခြင်း၊မှော်ပညာ]

"အမ်....အုန်းသီး...."

[ပြောပါhost]

အုန်းသီးကအပြုံးလေးတစ်ခုဖြင့်ပြန်ဖြေသည်။အဖြူရောင်အမွှေးပွလုံးပေါ်ကအပြုံးမှာအနည်းငယ်ကို့ယို့ကားယားနိုင်သည့်အပြင်ရှောင်ကျန့်အနေနဲ့အုန်းသီးကအတော်လေးထူးဆန်းနေသည်ဟုခံစားရသည်။

"မင်းကိုဘယ်သူကဒီလိုပြောဖို့သင်ပေးထားတာလဲ"

သူ့ရဲ့အုန်းသီးကယဥ်ကျေးလိမ္မာသင်တန်းဆင်းလေးမဟုတ်ဘူးလား။

အုန်းသီးကရှောင်ကျန့်စကားကိုကြားသည့်အခါတွင်သူ့နှုတ်ခမ်းမှာတစ်တောင်လောက်ဆူထွက်လာ၏။

[ကျွန်တော့်ကိုဘယ်သူမှသင်ပေးထားတာမဟုတ်ပါဘူးနော်....hostကသာvampireသက်တမ်းတစ်လျှောက်လုံးလင်လင်နဲ့ဟိုသွားလိုက်၊ဒီသွားလိုက်သာယာနေပြီးတော့များ....ကျွန်တော်သာပြန်မခေါ်ခဲ့ရင်နောက်ကမ္ဘာသွားဖို့သတိရမှာမဟုတ်ဘူး....တကယ်ပါပဲ....]

"....."

ရှောင်ကျန့်ဟာအုန်းသီးကိုအထင်ကြီးစွာကြည့်လိုက်မိသည်။

"အုန်းသီး....မင်းအရင်ကထက်စကားအပြောအဆိုပိုသွက်လာတယ်...."

[တကယ်လား....ဟီး..ဟီး....ကျေးဇူးနော်host]

အုန်းသီး၏ရိုးရှင်းတဲ့စိတ်လေးမှာရှောင်ကျန့်ဆီကချီးကျူးစကားတစ်ခွန်းလောက်ကြားတာနဲ့ချက်ချင်းစိတ်ဆိုးပြေသွားသည်။

system 091 Where stories live. Discover now