(2.12)

8.3K 816 26
                                    

Unicode

ရှောင်ကျန့်နဲ့ရိမင်နှစ်ယောက်လုံးကတော့ကျောင်းရှိဗြောင်းဆန်နေမှုများအားတစ်ခုမှမသိရှိကြပေ။သူတို့နှစ်ယောက်လုံးဟာယခုလောလောဆည်၌တက္ကသိုလ်ကျောင်းဝင်းအရှေ့ရှိဆိုင်အတွင်းသို့ရောက်ရှိနေကြပြီဖြစ်သည်။

နှစ်ယောက်လုံး၏ရုပ်ရည်မှာအလွန်အမင်းထင်ရှားလွန်းတာကြောင့်ဆိုင်ထဲစဝင်လာသည်နှင့်လူတိုင်း၏အကြည့်မှာသူတို့နှစ်ယောက်စီသို့ကျရောက်လာခဲ့သည်။ဆိုင်ထဲရှိမိန်းကလေးတိုင်း၏မျက်ဝန်းအများစုမှာရိမင်ဆီသို့သာကျရောက်နေခဲ့ပြီးသူမတို့၏ပါးပြင်မှာနီရဲနေသည်။

"ကိုကိုဘာစားချင်လဲ"

"အဆင်ပြေတဲ့တစ်ခုခုပေါ့...."

ရိမင်သည်ရှောင်ကျန့်၏အပြုအမူတစ်ခုချင်းစီအားသေသေချာချာစူးစိုက်ကြည့်နေရင်းသူ့ရဲ့အနက်ရောင်မျက်ဝန်းအတွင်းရှိချစ်ခင်ကြင်နာမှုများမှာမရေတွက်နိုင်အောင်ပြည့်လျှံနေခဲ့သည်။

တစ်ချို့အမြင်ရှိသည့်မိန်းကလေးတစ်ချို့မှာရိမင်၏အကြည့်အားနားလည်စွာဖြင့်အချင်းချင်းလိုက်ဝါးရိုက်လိုက်ကြသည်။

"ဟိ...ဟိ....တစ်ယောက်နဲ့တစ်ယောက်အရမ်းလိုက်ဖက်တာပဲ"

"ငါအစစ်မတွေရှတာမြင်ရင်အရမ်းစိတ်ကျေနပ်သလိုဘာကြောင့်ခံစားနေရပါလိမ့်"

ရုတ်တရတ်ရှောင်ကျန့်အားလူတစ်ယောက်ဝင်တိုက်သွားခဲ့ပြီးကော်ဖီပူပူတွေဟာရှောင်ကျန့်ပေါ်သို့မှောက်ကျတော့မလိုဖြစ်သွားခဲ့သည်။ရိမင်ဟာထိတ်လန့်သွားကာလျှင်မြန်စွာဖြင့်ပင်၎င်းကော်ဖီဗူးအားအဝေးသို့ရိုက်ထုတ်လိုက်သည်။

ကော်ဖီပူပူတွေဟာရိမင်၏သွယ်လျသည့်လက်ပေါ်၌ထိမှန်သွားခဲ့ပြီးရှောင်ကျန့်ကိုတော့ရိမင်၏တားဆီးမှုကြောင့်လက်ခုံပေါ်သို့တစ်စက်နှစ်စက်လောက်သာစင်သွား၏။ရှောင်ကျန့်ကရိမင်၏အပူလောင်သွားသည့်လက်အားစိုးရိမ်ချိန်မရသေးခင်မှာရိမင်မှာရှောင်ကျန့်လက်ပေါ်ရှိနီရဲသွားသည့်အကွက်လေးနှစ်ကွက်ကြောင့်တုန်လှုပ်ခြောက်ခြားသွားသည်။

system 091 Where stories live. Discover now