(8.3)

4.6K 507 72
                                    

Unicode

ဟယ်စုန့်နန်က အမှန်တကယ်ခြေဆစ်လွဲသွားခဲ့တာဖြစ်သည်။ ဒီလိုနဲ့ရှောင်ကျန့်၏မူလရည်ရွယ်ချက်ဖြစ်သည့် စာကြည့်တိုက်ဆီသွားရာလမ်းက ဆေးရုံရှိရာဆီသို့ပြောင်းလဲသွားသည်။ ဟယ်စုန့်နန်၏ခြေထောက်မှာ ပတ်တီးအဖွေးသားဖြင့် ရှောင်ကျန့်ကိုအားနာသည့်ဟန်ပြုံးပြသည်။

"တောင်းပန်ပါတယ်ကွာ....မင်းစာကြည့်တိုက်သွားတာ ငါအဖော်မပြုပေးနိုင်လောက်တော့ဘူး"

ရှောင်ကျန့်ခေါင်းခါလိုက်သည်။

"မင်းခြေထောက်ထိထားတာ ငါဘယ်လိုလုပ်တစ်ယောက်တည်းထားခဲ့နိုင်မှာလဲ"

"မစိုးရိမ်ပါနဲ့....မကြာခင် ငါ့အိမ်က ကားရောက်လာလိမ့်မယ်...."

ရှောင်ကျန့်က ခပ်ဖွဖွပြုံးရုံပြုံးသည်။

"ဒါဆို မင်းမိသားစုရောက်တဲ့အထိ ငါစောင့်နေပေးမယ်လေ"

ဟယ်စုန့်နန် မျက်ရည်ဝဲသွားသည်။

"မင်းကငါ့အပေါ် အကောင်းဆုံးပဲ"

"ဟုတ်ပါပြီ....ဒါနဲ့ ငါသန့်စင်ခန်းတစ်ချက်လောက်သွားအုံးမယ်....မင်းတစ်ယောက်တည်းနေရဲတယ် မဟုတ်လား"

ဟယ်စုန့်နန်က ခေါင်းတစ်ဆတ်ဆတ်ငြှိမ့်သည်။ ရှောင်ကျန့် အခန်းထဲကထွက်သွားပြီးသည့်နောက်တွင် ပိုးသတ်ဆေးအနံ့ဖြင့် လူနာခန်းကြီးမှာတိတ်ဆိတ်သွားသည်။ ဟယ်စုန့်နန်ဟာ ဆေးရုံကုတင်ကိုဇိမ်ကျစေမည့်အနေအထားဖြင့် မှီချလိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။ နှစ်မိနစ်ကျော်လောက်ကြာပြီးချိန်တွင် အခန်းတံခါးမှာပွင့်ဟသွား၏။ ဟယ်စုန့်နန်က ရှောင်ကျန့်ဝင်လာတယ်ထင်ပြီးမျက်လုံးဖွင့်လိုက်ပေမယ့် သူ့မျက်လုံးထဲဝင်ရောက်လာတာက အဆုံးမရှိသလိုနက်မှောင်သည့် မျက်လုံးပိုင်ရှင် ကလေးတစ်ယောက်ဖြစ်သည်။

သူ့တွင် နက်မှောင်သည့်မျက်ဝန်းသေတွေနှင့် အနက်ရောင်ဆံနွယ်အိအိလေးတွေရှိပြီး အနည်းဆုံး ၉နှစ် ၁၀နှစ်အရွယ် လောက်သာရှိသေးသည်။ ကလေးငယ်တစ်ယောက်၏အဆီရှိနေသေးသည့်ပါးဖောင်းဖောင်းလေးနှစ်ဖက်နှင့် သူ့မျက်နှာအချိုးအစားက သက်ရှိမှန်သမျှမျက်နှာမလွှဲနိုင်အောင်လှပလွန်းပါသော်လည်း ခန္ဓာကိုယ်ပတ်ပတ်လည်ရှိ pheromone တွေအရ ထိုကလေးမှာ အင်အားကြီး Alpha တစ်ယောက်ဖြစ်ကြောင်းဖော်ပြနေလေသည်။ ပုံမှန်ဆိုရင် Alpha ဒါမှမဟုတ် Omega ဖြစ်ကြောင်းအထောက်အထားကိုလူပျိုဖော်ဝင်စအရွယ်မှ စစ်ဆေးဖော်ထုတ်ကြသော်လည်းပဲ ဒီကလေးငယ်ကတော့ အံ့အားသင့်စရာကောင်းစွာပင် ၁၀နှစ်အရွယ်လောက်နဲ့တင် Alpha ဖြစ်ကြောင်း pheromone ကိုထုတ်ဖော်ပြသပြီးနေခဲ့၏။

system 091 Where stories live. Discover now