(3.11)

7.2K 842 40
                                    

Unicode

မကြာခင်၌ပင်နန်းတော်အရှေ့တွင်တော်ဝင်ရထားလုံးတစ်စင်းစိုက်ရောက်လာသည်။လယ်ရိုကမျက်စောင်းတစ်ချက်ဝင့်လိုက်ရင်းမာနကြီးစွာဖြင့်ပင်၎င်းရထားလုံးဆီသို့လျှောက်သွားလိုက်သည်။ရထားလုံးထဲတွင်လူရှစ်ယောက်လောက်အသာလေးဝင်ထိုင်လို့ရသည်အထိကျယ်ဝန်းသည်။

လယ်ရိုကရထားလုံးထဲကလူနှစ်ယောက်ကိုသတိထားမိလိုက်သည်။သိသိသာသာခန္ဓာကိုယ်ပိုတောင့်သည့်လူတစ်ယောက်ဟာရှည်လျားသည့်အနက်ရောင်ဆံပင်တွေနဲ့အတူဝံပုလွေမျက်နှာဖုံးတစ်ခုကိုတတ်ဆင်ထားသည်။သူမကိုဆွဲဆောင်နိုင်သွားသည်ကထိုသူ၏အရှိန်အဝါဖြစ်သည်။ထိုလူအရှေ့သို့ရောက်လာသည်နှင့်သူမရဲ့သွေးတွေမှာပွက်ပွက်ဆူလာပြီးထိန်းမနိုင်သိမ်းမရရိုရိုသေသေဦးညွှတ်ချင်စိတ်ပေါ်ပေါက်လာသည်။

သူမကိုယ်တိုင်ပင်ဤသည်ကိုနားမလည်ပေ။ဧကရာဇ်တစ်ပါးနဲ့တွေ့လိုက်ရတဲ့လက်အောက်ငယ်သားတစ်ယောက်လိုမျိုး။

ေနာက်တစ်ယောက်ကတော့ပိုမိုသေးသွယ်ပြီးခန္ဓာကိုယ်အချိုးအစားမှာလွန်စွာလှပသည်။ထိုတစ်ယောက်တွင်အိမ်မက်ဆန်စွာလှပသည့်ငွေပြာရောင်ဆံနွယ်တွေနဲ့အတူသူမတူအောင်မြင့်မြတ်သည့်အရှိန်အဝါကိုပိုင်ဆိုင်ထားသည်။ထိုသူ၏မျက်နှာတွင်မြေခွေးမျက်နှာဖုံးတစ်ခုရှိသည်။ပြောစရာမလိုအောင်ပင်ထိုသူကသူမရဲ့အကျည်းတန်သည့်အစ်ကိုဖြစ်သည်လေ။

"တတ်လေ....ရပ်မနေနဲ့"

ရှောင်ကျန့်ကအေးတိအေးစက်အသံဖြင့်ဇာတ်လိုက်မကိုတစ်ချက်လောက်သာစောင်းငဲ့ကြည့်လိုက်ရင်းပြောသည်။သူအမှန်တကယ်ဇာတ်လိုက်မရဲ့စိတ်ဓာတ်ကိုမနှစ်မြို့ပေ။မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ခံစားချက်ပဲလား၊သူ့ရဲ့မူပိုင်ခံစားချက်ပဲလားဆိုတာကိုတော့သူကိုယ်တိုင်ပင်မခွဲခြားနိုင်ချေ။

ရှောင်ကျန့်ရဲ့အသံကလွန်စွာသာယာသည်။ဤသည်ကလယ်ရိုကိုအမှတ်မထင်ဖြင့်သူမကိုအနိုင်ယူသွားသည့်မိန်းမအားအမှတ်ရသွားစေသည်။သို့သော်သိသာစွာပင်ထိုအေးတိအေးစက်ငွေရောင်ဆံပင်နဲ့မိန်းမရဲ့အသံကရှောင်ကျန့်လောက်သာယာမှုမရှိပေ။

system 091 Where stories live. Discover now