(5.10)

6.3K 699 13
                                    

Unicode

"မင်းကဘာလေးလဲ....ဟမ်"

ရှောင်ကျန့်ရဲ့မျက်နှာလေးမှာအတော်လေးဆူပုတ်နေလျက်ကလေးလေးတစ်ယောက်ကဲ့သို့ဆိုးသွမ်းနေသည်။

"ငါက'ဘာလေးလဲ'မဟုတ်ဘူး.....ငါကရှောင်ကျန့်"

ချင်းယွမ်အန်းကမျက်ခုံးတစ်ဖက်ပင့်တင်လိုက်ပြီးသူ့ရင်ဘတ်ထဲရှိနှလုံးခုန်နှုန်းမှာမြန်ဆန်သထက်မြန်ဆန်လာသည်။ထိုနာမည်လေးတစ်လုံးကြားရုံနှင့်တင်သူ့ရဲ့အာရုံဆဲလ်တွေမှာစိတ်လှုပ်ရှားမှုကြောင့်တစ်ဆတ်ဆတ်တုန်ရီလာကြောင်းခံစားမိနေသည်။

ရှောင်ကျန့်....

ရှောင်ကျန့်....

ရှောင်ကျန့်....

သူ့ရဲ့နှလုံးခုန်သံနှင့်ထပ်တူ'ရှောင်ကျန့်'ဟူသည့်နာမည်လေးမှာတစ်ဒိတ်ဒိတ်ဖြင့်မြည်ဟီးနေသည်။

ဘာကြောင့်မှန်းမသိပါပဲချင်းယွမ်အန်း၏စိတ်ခြေအနေမှာဒီကောင်ငယ်လေး၏နှုတ်ခမ်းဖျားကနေထွက်ပေါ်လာသောနာမည်လေးတစ်ခုကြောင့်ကျေနပ်ပျော်ရွှင်စိတ်လှုပ်ရှားနေမိသည်။

"ရှောင်ကျန့်...."

ချင်းယွမ်အန်း၏အသံမှာစိတ်လှုပ်ရှားမှုကြောင့်အနည်းငယ်တုန်ရီချင်နေပြီးသူ့စိတ်ဝိဥာဥ်အတွင်းထဲကနေဒီနာမည်လေးခေါ်ခွင့်ရဖို့ရန်ကြာမြင့်စွာစောင့်ဆိုင်းနေရသည်ဟုခံစားရသည်။

"ဟမ်....မင်းငါ့ကိုဘယ်လိုခေါ်လိုက်တာ"

"ရှောင်ကျန့်..."

ချင်းယွမ်အန်းကရှောင်ကျန့်ရဲ့အရက်ရှိန်ကြောင့်နီမြန်းနေသောမျက်နှာသေးသေးလေးကိုအမြတ်တနိုးကြည့်ကာထိုအမည်နာမလေးကိုလေးလေးနက်နက်ဖြင့်ထပ်မံဆိုသည်။

"မင်းမှားနေပြီ....ငါကမင်းထက်အသက်ကြီးတယ်....ငါကဘဝတွေအများကြီး...အများကြီးဖြတ်သန်းလာခဲ့တာ....အချိန်တွေအကြာကြီးပဲ....နှစ်တွေလည်းအများကြီး...."

ရှောင်ကျန့်ဟာသူ့ရဲ့လက်မောင်းလေးနှစ်ဖက်ကိုဆန့်ကားရင်း'အများကြီး'ဖြစ်ကြောင်းလက်ဟန်ခြေဟန်လေးတွေနဲ့ဖော်ပြသည်။

system 091 Where stories live. Discover now