(5.11)

6.5K 684 29
                                    

Unicode

ကျင့်ကြံခြင်းအဆင့်

စုဆောင်းခြင်းအဆင့် - 1 to 10

မော်တယ်အဆင့် - 1 to 10

အင်မော်တယ်အဆင့် - 1 to 10

နတ်ဘုရားအဆင့် - 1 to 10

သူတော်စင်အဆင့် - 1 to 10

ကြီးမြတ်သူအဆင့် - 1 to 10

ကြီးမြတ်သောကောင်းကင်နတ်ဘုရားအဆင့် - 1 to 10

*******************
********

"ခင်ဗျားပြန်ရောက်လာပြီ"

ရှောင်ကျန့်ဟာတစ်ဖက်လူရဲ့ကျောပြင်ထက်သို့ပျော်ရွှင်စွာခုန်တတ်လိုက်ပြီးခြေထောက်လေးနှစ်ဖက်ကိုထိုလူရဲ့သွယ်လျသန်မာတဲ့ခါးပေါ်၌တွယ်ချိတ်လိုက်သည်။

"ကျွန်တော့်အတွက်ဘာပါလဲ"

ရှောင်ကျန့်ဟာကလေးဆိုးလေးတစ်ယောက်ကဲ့သို့တစ်ဖက်လူ၏ပုခုံးထက်သို့မေးစေ့တင်လိုက်ပြီးနောက်တွင်ရှောင်ကျန့်မှာသူ့အရှေ့ကမြင်ကွင်းကြောင့်အတော်လေးကြောင်အ,သွားသည်။

သူ့ရဲ့အရှေ့အနည်းငယ်အကွာတွင်ကြက်သေသေရင်းစိုက်ကြည့်နေသည့်ချင်းယွမ်မူရှိနေသည်။

ရှောင်ကျန့် : "....."

ရှောင်ကျန့်ရဲ့မျက်လုံးနက်လေးတွေမှာပြူးကျယ်ဝိုင်းစက်သွားပြီးသူတတ်ခွထားသည့်လူကိုအသည်းအသန်ကြည့်မိလိုက်သည်။တစ်ဖက်လူ၏မျက်နှာချောချောမှာရှောင်ကျန့်ဘက်သို့လှည့်ကြည့်လာပြီးနူးညံ့ညင်သာသည့်အပြုံးလေးတစ်ပွင့်နှင့်အတူကျီစယ်လိုသည့်အစိမ်းရောင်မျက်လုံးတွေဖြင့်ရှောင်ကျန့်ကိုစိုက်ကြည့်လာ၏။

အရေးကြီးဆုံးမှာထိုလူ၏မျက်နှာကချင်းယွမ်မူ၏ရုပ်ဖျက်ထားသည့်မျက်နှာနှင့်တထေရာတည်းခဲဲခါးမရအောင်တူညီနေခြင်းဖြစ်သည်။ကွာခြားတာဆိုလို့အေးတိအေးစက်ပယင်းရောင်မျက်လုံးနှင့်၊နူးညံ့နွေးထွေးသည့်အစိမ်းရောင်မျက်လုံးတွေသာဖြစ်သည်။

ပါးစပ်အဟောင်းသားနဲ့ရှောင်ကျန့်ဟာလူနှစ်ယောက်ကိုတစ်လှည့်စီထပ်ကာ၊ထပ်ကာကြည့်လိုက်မိပြီးကမန်းကတန်းဖြင့်ချင်းယွမ်အန်း၏ကိုယ်ပေါ်ကနေအလန့်တကြားခုန်ဆင်းလိုက်သည်။

system 091 Where stories live. Discover now