(1.31) [Return]

3.4K 494 39
                                    

Unicode

"မင်းတို့ကြားပြီးပြီလား....မြို့စားရန်ရဲ့ အိမ်တော်မှာ နတ်ဆိုးတစ်ယောက် ရောက်နေတယ်တဲ့"

"နတ်ဆိုး?...တကယ်ကြီးလား"

"သေချာတယ်....မြိုစားရန်အိမ်မှာအလုပ်လုပ်တဲ့ အစေခံတစ်ယောက်နဲ့ငါရင်းနှီးတယ်....ဒီမနက်တင် သူ့ပါးစပ်ကကိုယ်တိုင်ကိုယ်ကျထုတ်ပြောလာခဲ့တာ...."

နတ်ဆိုးတွေကျူးကျော်မှုစတင်ပြီးကတည်းက ကျင့်ကြံရေးလောကကြီးတစ်ခုလုံးမှာ နတ်ဆိုးတိုင်းပြည်၏လက်အောက်ခံအဖြစ်သို့လွယ်လွယ်ကူကူကျရောက်သွားခဲ့ကြသည်။ ထို့ကြောင့်ကျင့်ကြံသူတိုင်း၏ရင်ထဲတွင် နတ်ဆိုးမျိုးနွယ်ဝင်တိုင်းက ကြီးမြတ်သည့်အဆင့်အတန်းကိုပိုင်ဆိုင်ထားသူဖြစ်ပြီး ကြောက်စိတ်ကြီးကြီးမားမားလည်းရှိနေပြန်၏။

အတင်းတုတ်ချင်စိတ်များနေသည့်ကျင့်ကြံသူအုပ်စုကြီးဟာ သူတို့ဘေးခုံတွင်ထိုင်နေသည့် ပုပုသေးသေးလူငယ်တစ်ယောက်ကိုသတိမထားမိလိုက်ချေ။ ထိုလူငယ်က သူတို့ဝိုင်းဘက်ကိုနားစွင့်ပြီး အသေးစိတ်အချက်အလက်တွေကိုနားထောင်နေသည်။

"ကြည့်ရတာ နတ်ဘုရားသားရဲက နတ်ဆိုးတွေကိုတောင်ဆွဲဆောင်ထားနိုင်တဲ့ပုံပဲ"

"နတ်ဆိုးဧကရာဇ်က နတ်ဘုရားသားရဲတစ်ကောင်နဲ့ချစ်ကြိုက်မိသွားခဲ့တာမဟုတ်လား....ဒါကြောင့်သူတို့စိတ်ဝင်စားတာမထူးဆန်းပါဘူး"

"ငါသိထားတာတော့ အဲ့ဒီနတ်ဆိုးက ဝမ်မျိုးရိုးနာမည်နဲ့ဆိုလားပဲ"

ပုပုသေးသေးနှင့်လူငယ်၏မျက်လုံးတွေမှာတောက်ပသွားသည်။ သူ့အရှေ့ကလက်ဖက်ရည်ကြမ်းခွက်ကိုကောက်ကိုင်လိုက်ပြီး ကျေနပ်စွာခပ်ပါးပါးပြုံးလိုက်သည်။

'ဝမ်မျိုးရိုးနဲ့ နတ်ဆိုးတဲ့လား'

[သူက host ချစ်သူလို့သံသယဝင်နေတာလား]

'သံသယဝင်တာမဟုတ်ဘူး....အဲ့ဒါသေချာပေါက် ဝမ်ရိပေါ်ပဲ'

[ဒါကထောင်ချောက်ဖြစ်နိုင်တယ်နော် host....လီဟူရီက host နဲ့နတ်ဆိုးဧကရာဇ်ရဲ့ဇာတ်လမ်းကိုသိနေတယ်လေ....တမင်သပ်သပ်သတင်းလွှင့်နေတာရောမဖြစ်နိုင်ဘူးလား]

system 091 Where stories live. Discover now